ခြေ (၄) ချောင်းပါတဲ့ ဝေလငါးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ

56866504_2324919387538968_8548853161094283264_n.jpg

နှစ်သက်တမ်း (၄၃) သန်းရှိပြီး ခြေ (၄) ချောင်းပါတဲ့ ဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို ပီရူးနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ ဝေလငါးရဲ့ ခြေချောင်းတွေဟာ ရေယက်သဏ္ဍာန်ရှိပြီး ခွာတွေ ပါဝင်ပါတယ်။ (၁၃) ပေအရွယ်ရှိတဲ့ ဝေလငါးဟာ ရေထဲမှာ ကူးခတ်နိုင်သလို ကုန်းပေါ်မှာလည်း လမ်းလျှောက်နိုင်လိမ့်မယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက ယုံကြည်နေပါတယ်။

အခုတွေ့ရတဲ့ ဝေလငါးဟာ ဖျံ ဒါမှမဟုတ် ဖျံကြီးမျိုးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ အခုတွေ့ရှိမှုဟာ ဝေလငါးတွေရဲ့ ဆင့်ကဲပြောင်းလဲမှုပုံစံနဲ့ ကမ္ဘာအနှံ့အပြားမှာ ဝေလငါးတွေ ပျံ့နှံ့သွားတာကို တိတိကျကျသိလာအောင် မီးမောင်းထိုးပြလိမ့်မယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက ယုံကြည်နေပါတယ်။ ပီရူးနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းကနေ ကုန်းတွင်းဘက် (ဝ.၆) မိုင်အကွာက နုန်းအနည်အနှစ်တွေကြားမှာ ဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၅၀) ကစပြီး အာရှတောင်ပိုင်းမှာ ရှေးမျိုးစိတ် ဝေလငါးတွေ ဆင့်ကဲပြောင်းလဲလာတယ်လို့ ပညာရှင်တွေက ယူဆထားကြတာပါ။ ဒါကြောင့် ခြေ (၄) ချောင်းပါ ဝေလငါးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရတဲ့နေရာက သိပ္ပံပညာရှင်တွေကို
စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။ ဝေလငါးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ရေမှာကူးခတ်ဖို့ ပိုပြီးလွယ်ကူလာတဲ့အတွက် မြောက်ပိုင်းအာဖရိကနဲ့ မြောက်အမေရိကတိုက်ကို ကူးခတ်ရောက်ရှိသွားကြတာလို့ ယူဆစရာ ဖြစ်လာပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top