Vietjet လေကြောင်းလိုင်းရဲ့ သုညကျပ် လေယာဉ်လက်မှတ်နဲ့အတူ အာရှတစ်လွှားဆီ အပန်းဖြေခရီး ထွက်ကြမယ်

Vietjet-Service.jpg

ဗီယက်နမ်ဟာ အင်မတန်လှပတဲ့ နိုင်ငံတစ်ခု ဖြစ်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အစားအစာတွေနဲ့ ဖော်ရွေပျူငှာတဲ့ နိုင်ငံသားတွေစတဲ့ နှစ်သက်ဖွယ်ရာတွေ များစွာရှိနေပြီး ကမ္ဘာ့အလှပဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်လျက်ရှိပါတယ်။

လှေကားထစ်စ ပါးစိုက်ပျိုးခင်းတွေကြောင့် လူသိများတဲ့ ဗီယက်နမ်နိုင်ငံမှာ ကမ္ဘာ့အလှပဆုံး ကမ်းခြေတွေလည်း ရှိပါတယ်။ အလှပဆုံး တောင်တန်းတွေ၊ ကုန်းမြင့်တွေ၊ ချိုင့်ဝှမ်းတွေ၊ ကမ်းရိုးတန်းတွေ၊ ကျွန်းစုတွေ အစရှိတဲ့ အင်္ဂါရပ်တွေကိုလည်း သဘာဝတရားရဲ့ လက်ဆောင်အဖြစ် ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်ထားပါသေးတယ်။

လမ်းကြောင်းအသစ် အထိမ်းအမှတ်အနေနဲ့ Vietjet လေကြောင်းလိုင်းက လေယာဉ်လက်မှတ် အစောင်ရေပေါင်း (၁၄) သိန်းကို အထူးလျော့ဈေးနှုန်း သုည ကျပ်နှုန်းနဲ့ (အခွန် နှင့် အခြားပေးဆောင်မည့် အခများ မပါဝင်ဘဲ) ဗီယက်နမ် ပြည်တွင်း ခရီးစဉ်တွေအားလုံးအတွက် မတ် (၂၀) ရက်မှ (၂၂) ရက်ထိ (၃) ရက်ကြာ နေ့လည် (၁၁) နာရီခွဲမှ (၁) နာရီခွဲအတွင်း (မြန်မာစံတော်ချိန်) ရောင်းချပေးသွားဦးမှာ ဖြစ်ပါတယ်။ အဲဒီ အထူးလျော့ဈေးနှုန်းနဲ့ ရောင်းချတဲ့ လက်မှတ်တွေဟာ ၂၀၁၉ ခုနှစ် မေ (၂၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက် အတွင်း (ရုံးပိတ်ရက် မပါဝင်ဘဲ) ပျံသန်းမယ့် လေယာဉ်တွေအတွက် ဖြစ်ပါတယ်။

ဒီနေရာတွေကတော့ ဗီယက်နမ်နိုင်ငံရဲ့ မယုံနိုင်စရာ အလှပဆုံးနေရာတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ရောက်ရှိသွားတာနဲ့ အချိန်တွေကို ရပ်ဆိုင်းထားချင်စိတ်တောင် ပေါက်သွားပါလိမ့်မယ်။

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးမှာ ပါဝင်တဲ့ ဟာလောင်း ပင်လယ်အော်မှာ လှပတဲ့ ထုံးကျောက် ဖြစ်တည်မှု (၁၀၀၀) ကျော်နဲ့ ပုံစံစုံ အရွယ်အစားစုံ ကျွန်းများ ရှိနေပြီး အများစုက သဘာဝအတိုင်းပဲ တည်ရှိနေပါသေးတယ်။

 

ကျယ်ပြန့်တဲ့ တူးမြောင်းတွေမှာလည်း အပျော်တမ်းလှေ စီးနင်းပြီး အနီးအနားက ရေပေါ်ဈေးတွေမှာ ဒေသထွက် ရိုးရာ အစားအစာတွေနဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေကို ဝယ်ယူ သုံးဆောင်နိုင်မှာပါ

ကန်သို (Can Tho) မြို့ဟာ မဲခေါင် မြစ်ဝကျွန်းပေါ်ရဲ့ အချက်အချာကျတေဲ့ မြို့တစ်မြို့ဖြစ်ပြီး မဲခေါင်မြစ်ကနေ တောင်တရုတ်ပင်လယ်အော်ကိုစီးဆင်းတဲ့ “နဂါးကိုးကောင် မြစ်ဝကျွန်းပေါ်ဒေသ” လည်းဖြစ်ပါတယ်။ ဒေသ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ တူးမြောင်းတွေမှာလည်း အပျော်တမ်းလှေ စီးနင်းပြီး အနီးအနားရှက ရေပေါ်ဈေးတွေမှာ ဒေသထွက် ရိုးရာအစားအစာတွေနဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေကို ဝယ်ယူသုံးဆောင်နိုင်မှာပါ။

လူကိုယ်တိုင် သွားရောက် လည်ပတ်ကြည့်ရှုသင့်တဲ့ အထူးခမ်းနားလှပတဲ့ ဒါနန်းမြို့က ရွှေတံတား

လက်ရှိမှာ Vietjet လေကြောင်းလိုင်းက ရန်ကုန်-ဟနွိုင်း အသွားအပြန် ခရီးစဉ်ကို တစ်ပတ်ကို ၅ ရက် ပြေးဆွဲပေးလျက် ရှိပါတယ်။ သတင်းကောင်းတစ်ခုကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ (၁၄) ရက်ခန့် ဗီဇာမလိုဘဲ နေထိုင်နိုင်တာပါ။ ဒါကြောင့် Vietjet ကိုသာ ရွေးချယ် ခရီးသွားလိုက်ပါ။ လေယာဉ်လက်မှတ်တွေ ဝယ်ယူဖို့ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar သွားနှိပ် (ဒါမှမဟုတ်) Vietjet ရဲ့ “Fly it & Like it” အစီအစဉ်မှာ ပါဝင်လိုက်ရုံပါပဲ။

မြန်မာနိုင်ငံက ခရီးသွားတွေအနေနဲ့ Hotline: 09-789 323 828 ကို ဆက်သွယ် ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ် အရောင်းဌာန၊ အမှတ် (၂၅) ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01-539 484 Fax: 01-539 484 တွင် ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး က လက်မှတ် အရောင်းဌာနတွေမှာ ရုံးဖွင့်ရက်အတွင်း နံနက် (၉) နာရီကနေ ညနေ (၅) နာရီ ၊ စနေနေ့တွင် နံနက် (၉) နာရီကနေ မွန်းတည့် (၁၂) နာရီ ကြား ရုံးချိန်အတွင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ကြည့်ရှုလည်ပတ်စရာ နေရာအများကြီးရှိပါတယ်။ သင်ခရီးစဉ်ကို Vietnam နဲ့ အစပြုလိုက်ပြီး ကမ္ဘာတစ်ဝှမ်းက အခြားနေရာတွေဆီ Vietjet နဲ့အတူ ဈေးနှုန်း အသက်သာဆုံးနဲ့ သွားရောက်နိုင်ဖို့ အမြန်ဆုံး စတင်လိုက်တာက အကောင်းဆုံးပါပဲ။

ကိုယ့်ရဲ့အကောင်းဆုံး အပန်းဖြေ ခရီးစဉ်ကို ကိုယ်တိုင် ဖန်တီးလိုက်ဖို့ အချိန်ဆွဲမနေတော့ပဲ Vietjet ရဲ့ လေယာဉ်တွေအတူ ပျံသန်းလိုက်သင့်ပါပြီ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အတူ ဗီယက်နမ်ကို သွားရောက်ပြီး စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေကို ရယူလိုက်ရင်း အမှတ်တရဖြစ်နေစေမယ့် အပန်းဖြေခရီးစဉ်လေးတစ်ခုကို ဖန်တီးလိုက်ရအောင်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top