မူကြိုအရွယ်မှာစတွေ့ပြီး အရွယ်ရောက်တဲ့အခါမှာ ရွှေလက်တွဲနိုင်ခဲ့တဲ့ စုံတွဲ

07052019CHILDHOODSWEETHEARTS.jpg

အော်စတင် တက်(တ်)မန်း (Austin Tatman) နဲ့ နာတာလီ ခရိုး (Natalie Crowe) တို့က ဖလော်ရီဒါမှာ မူကြိုတူတူ တက်ခဲ့ကြတာပါ။ (၄) နှစ်သားအရွယ် ကလေးနှစ်ယောက်က မြင်မြင်ချင်း ခင်သွားခဲ့ပြီး တစ်ချိန်မှာ လက်ထပ်ဖြစ်မယ်ဆိုတာ ဘယ်သူကမှ မရိပ်မိခဲ့ကြပါဘူး။

နာတာလီ ငါးနှစ်သမီး အရွယ်မှာတော့ မိသားစုလိုက် ကွန်နက်တီကတ် (Connecticut) ပြည်နယ်ဆီ ပြောင်းရွှေ့ဖို့ အကြောင်းဖန်ခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ မိခင်ဖြစ်သူရဲ့ လိပ်စာမှတ်တမ်း စာအုပ်ကနေ အော်စတင်မိသားစုရဲ့ လိပ်စာကို နာတာလီတစ်ယောက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ဖေ့စ်ဘွတ်စသုံးချိန်မှာတော့ နှစ်ဦးသားချိတ်ဆက်မိပြီး အချစ်တစ်ခု ပေါက်ပွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ နှစ်ဦးသား အသက် (၂၄) နှစ် ရှိပြီ ဖြစ်ပြီး မင်္ဂလာပွဲကိုတော့ ဖလော်ရီဒါကမ်းခြေမှာ ဧပြီလ (၁၃) ရက်နေ့က ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်တဲ့နေရာမှာ အော်စတင် မိဘတွေဆီ သွားလည်ပြီး ကလေးဘဝက အမှတ်တရပုံရိပ်တွေကို ပြန်လည်ရှာဖွေဖို့နဲ့ မင်္ဂလာပွဲမှာ ပြသဖို့ကိုပါ တစ်ပါတည်း စီစဉ်ခဲ့ကြပါတယ်။

“ဘဝတစ်လျှောက်လုံးကို အတူတူမဖြတ်သန်းရသေးပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိထားသူတွေမို့ ခိုင်မြဲတဲ့ဆက်သွယ်မှု ရှိပါတယ်။ ကလေးဘဝတုန်းက အမှတ်တရတွေနဲ့ ပြန်ဆက်သွယ်မိတဲ့အခါ နှစ်ဦးသား အချစ်ကပိုလို့ ခိုင်မြဲခဲ့ပါတယ်” လို့ နာတာလီက ဆိုပါတယ်။

ငယ်ကချစ် နှစ် (၁၀၀) ဆိုသလိုပဲ အော်စတင်နဲ့ နာတာလီတို့နှစ်ဦးရဲ့ အချစ်ရေးကတော့ (၄) နှစ်အရွယ်ကစတင်ခဲ့ပြီး လက်ရှိအချိန်ထိ ခိုင်မြဲလို့ နေပါတယ်။

Ref: abcnews “Preschool sweethearts reconnect, marry and recreate their ‘first date’ photo”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top