မြောက်ကိုရီးယားကနေ ပြန်လွတ်မြောက်လာတဲ့ အမေရိကန်ကျောင်းသား သေဆုံး

ap-otto-warmbier-jc-170613_12x5_1600.jpg

မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားစဉ်မှာ ဝါဒဖြန့်စာစောင်တစ်ခုကို ခိုးယူမိလို့ ထောင်ကျခံရတဲ့ အမေရိကန်ကျောင်းသားတစ်ဦးဟာ ပြန်လွတ်မြောက်လာပြီး ရက်သတ္တပတ်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Otto Warmbier ဟာ ဒီစာစောင်ခိုးမိတဲ့အတွက် မြောက်ကိုရီးယားတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချခဲ့တာဖြစ်ပြီး ၁၇ လအကြာ ထောင်သွင်းအကျဉ်းချခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

Otto ဟာ ဇွန်လ ၁၃ရက်နေ့မှာ နေအိမ်ကို ပြန်လည်ရောက်ရှိခဲ့ပေမယ့် စကားမပြောနိုင်တာတွေ၊ ကိုယ်အမူအရာ ပုံမှန်မဟုတ်တာတွေကို ခံစားနေရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ Otto ဟာ အစာအဆိပ်သင့်ရာကနေ ကိုမာ ဝေဒနာကို ခံစားနေရသူဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။

ဆရာဝန်တွေကတော့ အသက် ၂၂နှစ်အရွယ်သာရှိသေးတဲ့ Otto ရဲ့ ဦးနှောက်အစိတ်အပိုင်းအချို့မှာ ပျက်စီးနေတယ်လို့ ပြောဆိုထားပြီး မိသားစုတွေကလည်း Ottoဟာ ဖမ်းဆီးခံထားတဲ့အချိန်မှာ မတရားသဖြင့် နှိပ်စက်ခံရတယ်လို့ ပြောဆိုထားပါတယ်။

Ref: Abc news; Otto Warmbier, American student detained in North Korea for 17 months, dies

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top