ငှက်ပျောသီးဟာ အရေပြား ကင်ဆာကို ကုသနိုင်

green-banana-large.jpg

ငှက်ပျောသီးမှာပါဝင်တဲ့ အန်ဇိုင်းဓာတ် တစ်မျိုးကို အရေပြား ကင်ဆာ ရောဂါ သည်များကို ကုသတဲ့နေရာမှာ အသုံးပြုနိုင်ကြောင်းကို ဂျာမန် အခြေစိုက် ဆေးပညာ သုတေသနမှ ထုတ်ဖော်ပြသခဲ့ ပါတယ်။

ငှက်ပျော်သီးတောင်မှ ရက်ကြာလို့ အခွံပေါ်မှာ အမည်းစက်များ ဖြစ်ပေါ်နေတဲ့ ငှက်ပျောသီးတွေမှာ ယင်း အန်ဇိုင်းဓာတ်ကို ပိုမိုမြင်တွေ့ရပါတယ်။ အရေပြား ကင်ဆာမှာ Stage 1, Stage 2 နဲ့ Stage 3 ခွဲထားပြီး Stage 1 မှာတင် သိရှိပြီး ကုသခွင့်ရပါက ပျောက်ကင်း၍ သက်သာနိုင်ချေ အလားအလာ ပိုများကြောင်း ဆိုပါတယ်။ အရေပြား ကင်ဆာ ဖြစ်သူများ အနေနဲ့ အရေပြားပေါ်မှာ ကင်ဆာ ဖြစ်စေတဲ့ ဆဲလ် တစ်မျိုး စတင် ပြန့်နှံ့ခြင်း ဖြစ်ပြီး အရှင်းပျောက်အောင် ကုသနိုင်မှု မရှိသေးတာကြောင့် အရေပြား ကင်ဆာ ဖြစ်ရင် သေဆုံးရမှုက များပါတယ်။

ယင်း အရေပြား ကင်ဆာဖြစ်စေတဲ့ ဆဲလ်ကို သတ်ဖို့အတွက် လိုအပ်တဲ့ဓာတ်ကို ငှက်ပျောသီးမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ငှက်ပျောသီး ပုံမှန် စားသုံးခြင်းဖြင့်လည်း အရေပြား ကင်ဆာ မဖြစ်အောင် တစ်နည်းတစ်ဖုံနဲ့ ကာကွယ်ပေးကြောင်း ဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top