အန်သိုနီဂျိုရှူအာနဲ့ ဂျာရယ်မီလာတို့ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ ရုတ်ရုတ်သဲသဲဖြစ်ခဲ့

aa5.jpg

အန်သိုနီဂျိုရှူအာ (Anthony Joshua) နဲ့ ဂျာရယ်မီလာ (Jarrell Miller) တို့ရဲ့ ပထမဆုံး စာနယ်ဇင်းရှင်းလင်းပွဲမတိုင်ခင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဂျိုရှူအာဟာ ဇွန်လ (၁) ရက်နေ့ကျရင် နယူးယော့ခ်မြို့က Madison Square Garden မှာ ဂျာရယ်မီလာနဲ့ ထိုးသတ်မှာဖြစ်ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲမတိုင်ခင် ဟန်ရေးပြချိန်မှာ ဂျာရယ်မီလာက ဂျိုရှုအာကို ဆောင့်တွန်းခဲ့ပြီး ရင့်သီးတဲ့စကားလုံးတွေ သုံးစွဲခဲ့ပါတယ်။ Big Baby လို့ ချစ်စနိုးခေါ်ကြတဲ့ ဂျာရယ်မီလာက ဂျိုရှူအာကို Uncle Tom လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ အဲဒီစကားလုံးဟာ လူဝင်ဆံ့ရေးအတွက် ကိုယ့်မျိုးနွယ်ရဲ့ ဇာတိမူလကို ဖုံးကွယ်ထားတတ်တဲ့လူမည်းတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။ ပုံမှန်အတိုင်းဆိုရင် စိတ်တည်ငြိမ်လေ့ရှိတဲ့ဂျိုရှူအာက ဒီဖြစ်ရပ်အပြီးမှာ ဂျာရယ်မီလာကို အလဲထိုးမယ်လို့ ကတိပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top