မန်စီးတီးကစားသမားတွေက အင်စတာဂရမ်မော်ဒယ် ၂၂ ယောက်နဲ့ အဖော်အချွတ်ပါတီဆင်နွှဲခဲ့

yyl-031-7.jpg

တည်းခိုစရိတ်မြင့်မားတဲ့ ဟိုတယ်နဲ့ အပန်းဖြေစခန်းမှာ အဖော်အချွတ်ပါတီ ဆင်နွှဲဖို့အတွက် မန်စီးတီး ဘောလုံးသမားတွေက အင်စတာဂရမ်မော်ဒယ် ၂၂ ယောက်ကို ချက်ရှိုင်းယားစီရင်စုထံ ခေါ်ဆောင်သွားခဲ့ပါတယ်။ မန်စီးတီးက ဗီလာကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အင်စတာဂရမ်မော်ဒယ်တွေက မန်ချက်စတာမြို့ကို ရောက်ရှိလာခဲ့ပြီး တစ်ညတာအတွက် ပေါင် ၁၅၀ ပေးရတဲ့ မီရီဂေါ့ဖ်ကလပ် အပန်းဖြေစခန်းကို သွားခဲ့ကြပါတယ်။

မန်စီးတီးကစားသမားတွေဟာ နည်းပြဂွာဒီယိုလာရဲ့ ခွင့်ပြုချက်နဲ့ ပါတီပွဲ ဆင်နွှဲခဲ့ဖွယ်ရှိပါတယ်။ အသင်းသားတွေကြား သံယောဇဉ်ပိုခိုင်မာစေဖို့ အခုလိုပါတီပွဲ ဆင်နွှဲခဲ့တာဖြစ်ပေမဲ့ မော်ဒယ်တွေ ပါဝင်ခဲ့တယ်ဆိုတာကို နည်းပြဂွာဒီယိုလာ သတိထားမိရဲ့လားဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ခရစ္စမတ်ကာလတုန်းက ဆိုင်းငံ့ထားတဲ့ ပါတီပွဲအစား အခုလို ပါတီပွဲ ကျင်းပပေးခဲ့တယ်လို့ မန်စီးတီးအသင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top