ရီးရဲလ်မှာ (၆) နှစ်ကြာပေမဲ့ စပိန်စကား မပြောတဲ့ ဘေးလ်

hh4-1.jpg

ရီးရဲလ်အသင်းမှာ (၆) နှစ်ကြာ ကစားခဲ့တဲ့ ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အခုချိန်အထိ စပိန်စကား ကောင်းကောင်းမပြောတတ်သေးဘူးလို့ အသင်းဖော် မာဆယ်လိုက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စပါးကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်ကစားသမားဘဝ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘန်ဇီမာ၊ ရော်နယ်ဒိုတို့နဲ့အတူ ဘီဘီစီ တိုက်စစ်ပိုင်းအဖြစ် နာမည်ကျော်ကြားခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။

ရီးရဲလ်ကနေ ရော်နယ်ဒို ထွက်ခွာသွားချိန်မှာ ရော်နယ်ဒိုရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘေးလ်ဟာ ရီးရဲလ်မှာ ဆက်ရှိဖို့ မသေချာဘဲ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တယ်လို့ သတင်းထွက်နေသူပါ။ ဒါပေမဲ့ ဘေးလ်ကတော့ ရီးရဲလ်မှာ ပျော်ရွှင်တယ်လို့ ပြောထားပါတယ်။

ရီးရဲလ်မှာ ရော်နယ်ဒိုနဲ့အတူ အတွဲညီခဲ့တဲ့ မာဆယ်လိုဟာ ရော်နယ်ဒို ပြောင်းရွှေ့သွားပြီးနောက် အဝတ်လဲခန်းထဲမှာ စကားပြောဖော် မရှိတဲ့အတွက် အထီးကျန်ဆန်သလို ခံစားနေရတယ်လို့ ဖွင့်ဟထားပါတယ်။ ”ကျွန်တော့်မှာ စကားပြောဖော် မရှိတော့ပါဘူး။ ဘေးလ်တစ်ယောက်ပဲ ရှိပါတယ်။ သူကလည်း အင်္ဂလိပ်စကားပဲ ပြောတယ်။ စပိန်လိုပြောရင် လက်ဟန်အမူအရာနဲ့ပဲ တုံ့ပြန်တယ်။ ဟိုင်း၊ ဟယ်လို၊ ဝိုင်ကောင်းသားပဲဆိုတဲ့ တစ်ခွန်းစ၊ နှစ်ခွန်းစလောက်ပဲ ပြောတတ်ပါတယ်”လို့ မာဆယ်လိုက အင်တာဗျူးအစီအစဉ်မှာ ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top