သားလေးကို နည်းပြနာမည်မှည့်ခေါ်ခဲ့တဲ့ နော်ဝစ်ချ်ပရိသတ်ဇနီးမောင်နှံ

59301461_2355078064523100_6752623148425805824_n.jpg

နော်ဝစ်ချ်အသင်းကို အရူးအမူးအားပေးတဲ့ ရှောင်တိုမီနဲ့ မိုင်ကိုတိုမီတို့ ဇနီးမောင်နှံဟာ နော်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်အထိ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒန်နီယယ်ဖာကီကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့သားလေးကို နည်းပြနာမည်ပေးခဲ့ပါတယ်။

နော်ဝစ်ချ်က ဘလက်ဘန်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့်မရခင် (၅) ရက်အလိုဖြစ်တဲ့ ဧပြီလ (၂၃) ရက်နေ့မှာ ရှောင်တိုမီနဲ့ မိုင်ကိုတိုမီတို့ ဇနီးမောင်နှံရဲ့ သားလေး မွေးဖွားခဲ့တာပါ။ ရှောင်နဲ့ မိုင်ကိုတို့က သူတို့သားရဲ့ ရှေ့ဆုံးအမည်ကို ကီရာကူလို့ နာမည်ပေးခဲ့ပေမဲ့ နော်ဝစ်ချ်နည်းပြ ဒန်နီယယ်ဖာကီကို ဂုဏ်ပြုတဲ့အနေနဲ့ အလယ်စာလုံးကို ဖာကီလိုက်ဖ်လို့ အမည်ပေးခဲ့ပါတယ်။

အသက် (၄၀) အရွယ်ရှိတဲ့ ရှောင်နဲ့ အသက် (၃၈) အရွယ်ရှိတဲ့ မိုင်ကိုတို့ဟာ နော်ဝစ်ချ်မြို့လယ်မှာ ဂျပန်ဆူရှီဆိုင်ဖွင့်ထားသူတွေပါ။ ဂျပန်နိုင်ငံမှာ နာမည်အလယ်စာလုံးမရှိပေမဲ့ အင်္ဂလန်မှာတော့ နာမည်အလယ်စာလုံးပေးတဲ့ အလေ့အကျင့်ရှိလို့ သူတို့သားကို နာမည်အလယ်စာလုံးပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ရှောင်က ဆိုပါတယ်။ သူ့သားကို နာမည်အလယ်စာလုံးပေးဖို့ စဉ်းစားချိန်မှာ နော်ဝစ်ချ်အသင်းနဲ့ ပတ်သက်သူတစ်ယောက်ယောက်ရဲ့အမည် မှည့်ခေါ်ဖို့ အကြံရပြီး နည်းပြ ဒန်နီယယ်ဖာကီရဲ့အမည်ကို ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top