ဂျပန်လူမျိုးတို့ရဲ့ ကျန်းမာစေနည်း လျှို့ဝှက်ချက်(၇) ချက်

japanese-family-eating-PQ3XCFM.jpg

ကမ္ဘာမှာအသက်အရှည်ဆုံး နေထိုင်နိုင်ကြတဲ့ လူမျိုးများကို ပြောပါဆိုရင် အာရှတိုက် မှာနေထိုင်ကြတဲ့ ဂျပန်လူမျိုးများကို ပြောရင် မှားမယ်မထင်ပါဘူး။ နောက်ဆုံးစာ ရင်းဇယားများအရ ဂျပန်အမျိုးသားများရဲ့ ပျမ်းမျှ အသက်သည် ၈၁.၂၅ နှစ်ဖြစ်ပြီး အမျိုးသမီးများ၏ ပျမ်းမျှ အသက်သည် ၈၇.၃၂ နှစ်ဖြစ်သည်။ ဆိုလိုသည်မှာ ဂျပန်လူမျိုးများသည် အသက် ၈၀ နှစ် အထက် အသက်ရှင်နေထိုင်နိုင်ကြသည်။ ကမ္ဘာမှာ အသက်ရှည်ကြာဆုံးနေထိုင်နိုင်ကြတဲ့ နံပါတ်တစ် ဟောင်ကောင် ပြီးရင် နံပါတ် (၂) တွင် ဂျပန်ချိတ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ပျဉ်းမျှ လူ့သက်တမ်းကတော့ ၆၈.၇၈ နှစ်ဖြစ်သည်။ အသေးစိပ်ပြောရရင် မြန်မာအမျိူးသမီးများ၏ပျဉ်းမျှလူ့သက်တမ်းသည် ၇၀.၈၁ နှစ်နဲ့ အမျိုးသား များကတော့ ၆၄.၆၅ နှစ်ဖြစ်ပြီး ကမ္ဘာ့နံပါတ် အဆင့်၁၄၉ တွင်ရှိသည်။

ဘာကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူ့သက်တမ်းမတူညီကြပါသနည်းဟု မေးချင်နေကြမှာပါ။ ရှင်းပါတယ် ချမ်းသာတဲ့ နိုင်ငံများတွင် အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်မှု နဲ့ လူအများကျန်းမာတဲ့ နေထိုင်နည်းများကို လိုက်နာဆောင်ရွက်ခြင်းကြောင့် လည်းဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာလိုနိုင်ငံ အနေနဲ့ မိမိတို့၏ ကျန်းမာရေးကို မိမိတို့ ကိုယ်တိုင် ပိုမို စောင့်ရှောက် ရသည့် အခြေအနေတွင် ကျန်းမာစွာနေထိုင်ဖို့ အထူးတလည် ပြောဖို့မလိုဘူးလို့ ထင်မိပါသည်။ အထူးသဖြင့်တော့ လူအများစုက ကျန်းမာစွာနေဖို့ မိမိစားနေတဲ့ အစားအ သောက်လေးကိုသာ ဂရုစိုက်ကြလေ့ရှိသည်။ အမှန်တော့ အစားအစာတင်မက မိမိတို့ ရဲ့ ပြုမှုနေထိုင်တဲ့ အလေ့အထများသည်လည်း ရေရှည်အတွက်အလွန်ပင် အရေးပါလှတဲ့ ပြုမူကျင့်ကြံမှုပဲဖြစ်သည်။ သေချာတာကတော့ မိမိအနေနဲ့ အစားအ သောက်အလွန်အကျွံ ရှောင်နေဖို့ထက် နည်းလမ်းမှန်စွာ မည်သို့မည်ပုံကို နေထိုင် စားသောက်ရမလဲဆိုတာက အရေးကြီးပါတယ်။

ဒါကြောင့် မိမိတို့အနေနဲ့ ဂျပန်လူမျိုးများ မည်သို့ မည်ပုံ အစားအသောက်တွေကိုစားသုံးပြီး ဘယ်လို နေထိုင်ကြလဲဆိုတာကို ဗဟုသုတမျှေဝပေးချင်ပါသည်။ ဆက်လက်ကြည့်ကြရအောင်…

၁။ ဂျပန်တို့၏ miso soup ဟင်းချို ၏ စွမ်းအား

ဂျပန်လူမျိုးတို့ရဲ့ ကျန်းမာရေးကောင်းစေတဲ့ လျှို့ဝှက် ချက်ကတော့ ဂျပန်လူမျိုးများ၏ စားဖွယ်သောက်ဖွယ်များတွင် ဟင်းချိုသည် မပါမဖြစ်ဆိုသလို အမြဲစားသုံးကြ လေ့ရှိပါ တယ်။ အထူး သဖြင့်တော့ miso soup လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဟင်းချိုကို အစား အစာများ စားသုံးသည့်အခါတွင် သုံးဆောင်လေ့ရှိကြပါတယ်။ ထိုဟင်းချိုမှာတော့ မှို၊ အားလူး၊ ပုဇွန်၊ ငါး၊ ပင်လယ်ရေညှိ၊ ကြက်သွန်နီ၊မုန်လာဥအဖြူ၊ ခုံးကောင် များပါဝင်ပါတယ်။ miso soup ရဲ့ ထူးခြားတဲ့ အာနိသင်ကတော့ အစာခြေဖျက်မှုကို အားကောင်းစေပြီး၊ ခန္ဓာကိုယ် ကိုသန့်စင်အောင် လုပ်ဆောင်ပေး ပါတယ်။ ကာဗွန် ဟိုက်ဒရိတ် နဲ့ အဆီ အနှစ်ပါဝင်မှုနည်းပေမယ့် ပရိုတိမ်း ဓာတ် များစွာပါဝင်လို့ ခန္ဓာကိုယ် အတွက်အလွန်အထောက်အကူပြုပါတယ်။ ၎င်း ဟင်းချိုဟာ စားသုံးပြီးပါက အချိန် တစ်ခုထိ ဗိုက်တင်း စေတဲ့အတွက် မုန့်နဲ့ အချိုပွဲများစားသုံးမှု မှ ဟန့်တားစေပါတယ်။ ဒါကြောင့် miso soup လေး နည်းတူ မိမိတို့ အိမ်တိုင်းမှာ ထမင်းစားတိုင်း ပါဝင်ထည့်ချက်သင့်ပါတယ်။

၂။ ဂျပန်တို့၏ (၈၀) ရာခိုင်နှုန်းအထိသာ ဗိုက်ပြည့်အောင်စားသုံးနည်း (Hara Hachi Bu)

အိုခီနာဝါ က ဆိုရိုးတစ်ခုရှိပါတယ် အဲ့ဒါကတော့ ဗိုက်တင်းအောင် အ၀ မစားပဲ (၈၀)ရာခိုင်နှုန်းအထိသာ စားပါ ဆိုတဲ့ ဓလေ့ရှိပါတယ်။ ဂျပန်ဘာသာစကားလို (Hara Hachi Bu) လို့ခေါ်ကြပါတယ်။ ဘာကြောင့် (၈၀)ရာခိုင်နှုန်းပဲစားသင့်သလဲဆိုတဲ့ ဒီဆိုရိုးရဲ့ နောက်ကွယ်ကတော့ ဦးနှောက်အနေနဲ့ မိမိတို့ စားသုံးလိုက်တဲ့ အခါ ဗိုက်တင်းသွားရင် အထိုက်အလျှောက်သတိတုံ့ပြန်ဖို့ အချိန်ယူရခြင်းပဲဖြစ်ပါတယ်။ ဦးနှောက်အနေနဲ့ မည်မျှ သာ စားပါ ဆိုပြီး လျှင်မြန်စွာ ချင့်ချိန်နိုင်စွမ်းမရှိလို့ မိမိတို့ကိုယ်တိုင်သာ ထိန်းချုပ်စား သုံးသင့်ပါတယ်။ ဒီလိုကျင့်စဉ်ကို အားလုံးရဲ့ လူနေမှုဘဝမှာ လိုက်နာကျင့် သုံး နိုင်ရင်ပိုကောင်းပါတယ်။ ဒါမှ မိမိတို့ ခန္ဓာကိုယ်အစာခြေဖျက်နိုင်စွမ်း ကိုတစ်ဖက်တစ်လှမ်း ကနေ အကူညီပေးနေမှာဖြစ်တယ်။

၃။ ဂျပန်တို့၏ အစားအစာသုံးဆောင်မှု ပမာဏ ထိန်းချုပ်ခြင်း

ဂျပန်လူမျိုးများရဲ့ အစားအစာသုံးဆောင်မှုပမာဏဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါတယ်။ ဥပမာ အမေရိကန်၊ ဗြိတိန် တို့တွင် စားသုံး (သို့) ထည့်ပေးသည့် အစားအစာ ပမာဏက ပိုများသည်။ အံ့သြဖို့ကောင်းသည်မှာ ဂျပန်နိုင်ငံရှိအမေရိကန် အစား အသောက်စင်တာ တွေမှာလည်း ထည့်ပေးသည့် အစားအစာ ပမာဏနည်းနေခြင်းဖြစ်သည်။ မိမိတို့အိမ်၌ ထမင်းစားရာတွင် ပမာဏ အနည်းငယ်သာဆန့်သည် ထည့်စရာများဖြင့် ကျင့်ကြံစားသုံးသင့်သည်။ အကယ်၍ ထည့်စရာ ထမင်း အခွက်က ကြီးနေပါက မိမိတို့စားသုံးသော ထမင်းပမာဏကို ထိန်းချုပ်ဖို့ခက်ခဲသည်။

၄။ ဂျပန်တို့၏ အစားအစာ မဖြန်းတီးသည့် ယဉ်ကျေးမှုအလေ့အထ

ဂျပန်လူမျိုးတွေကြားမှာအမြဲတမ်းပြောလေ့ရှိတာက Mottainai လို့ ဂျပန်စကားအခေါ်အေဝါ်ဖြစ်တဲ့ အစားအသောက်တွေကို မဖြုန်းတီးပါနဲ့ ဆိုပြီးကြားရလေ့ရှိပါတယ်။ ဒီဓလေ့ တွေကို ဂျပန်လူမျိုးတို့ ငယ်စဉ်ကတည်းက ကျောင်းမှာရော အိမ်မှာပါ သင်ကြား ပေးထားလို့ ဂျပန်လူမျိုးတွေရဲ့ အသိမှာ အစားအစာတွေကို တန်ဖိုးထား တတ်စေပြီး ဖြုန်းတီးစေမှု မပြုလုပ်ကြပါဘူး။ ဒါဆို ကျွန်တော်တို့ ထမင်းကို အပြောင်စားရင် ရှက်နေဖို့မလိုပါဘူး။ အများအမြင်မှာ အစားအစာငတ်တယ် အပြောင် အစင် စား တယ်ဆိုတာကို ကြောက်နေဖို့လည်းမလိုအပ်ပါဘူး။ အစားအစာကို လိုသ လောက်လာ ချက်ပြုတ်စားသောက်စေချင်ပါတယ်။

ဂျပန်လူမျိုးတွေအနေနဲ့ အခြားသော အာရှသားတွေလိုပဲ စားမကုန်တဲ့ အစားအစာ ထမင်း၊ ဟင်းတွေကို နောက်နေ့ ထပ်စားလို့ရအောင် စီမံတတ်ကြပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ အစားအစာတွေ ပိုလျှံနေခဲ့ရင် နောက်ထပ် ချက်ပြုတ်တာကို လျှော့လို့ရအောင်လည်း အထောက်အကူပြုစေပါတယ်။

၅။ ဂျပန်တို့ရဲ့ ထမင်းနဲ့ အခြားသော ကာဗွန်ဟိုက်ဒရိတ် စားသုံးခြင်း

အခြားသော အာရှနိုင်ငံတွေလိုပဲ ထမင်းကို ဂျပန်လူမျိုးတွေ မနက် နေ့လည်၊ ညနေ ၃ကြိမ်တိတိစားကြလေ့ရှိပါတယ်။ သူတို့အနေနဲ့ ထမင်းကို အခြားသော ပေါင်မုန့်၊ အားလူးတွေနဲ့ မတူပဲ (ထောပတ်) မတို့ပဲ ထမင်းအဖြူထည်ကိုသာ စားကြလေ့ရှိပါတယ်။ ဒါကြောင့် ကယ်လိုရီ နည်းစေပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေတယ်။ မိမိအနေနဲ့ အားလူးတို့ ပေါင်မုန့်တို့ စားဖြစ်ရင် ထပ်ခါထပ်ခါ စားချင်နေပေမယ့် ထမင်းအဖြူ ထည် ကိုပဲစား ရင်တော့ လိုတာ ထက် ပိုစားဖြစ်မှာ မဟုတ်တော့ပါဘူး။ သင့်အနေနဲ့ ထမင်းဖြူ စားသုံးတာထက် ထမင်းညို ကိုပိုစားသုံးဖြစ်ရင်တော့ ပိုမိုအာဟာရ ဖြစ်စေမှာအမှန်ပါပဲ။

၆။ ဂျပန်တို့ရဲ့ကျန်းမာရေးနဲ့ သင့်လျှော်စေတဲ့ အာဟာရဓာတ်စာများ

ဂျပန်တို့ရဲ့ အစားအစာများထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်စာ များပါဝင်နေကြပါတယ်။ ဥပမာအားဖြင့် ပင်လယ်ဒိုက်ပွင့် (ကျောက်ပွင့်) ဖြစ်ပါတယ်။ ဂျပန်လူမျိုးများအနေနဲ့ ပင်လယ်ဒိုက်ပွင့်ကို အစားအစာအများစုမှာ ကောင်းမွန် သင့်လျှော် စွာ ထည့်ချက်ပြုတ်ကြ လေ့ရှိပါတယ်။ သို့ပေမယ့် သင့်အနေနဲ့ ထို ဒိုက်ပွင့်များကို ပေါင်မုန်ချပ်များ၊ အသားများနဲ့ သို့ အသုပ် တို့ အမျိုးစုံ ပြင်ဆင်ပြုလုပ်စားသုံးနိုင်ပါတယ်။ သင့်အနေနဲ့ ထို ပင်လယ်ဒိုက်ပွင့် များကို နီးစပ်ရာ စူပါမားကက်များတွင် လိုသလိုဝယ်ယူနိုင်မယ်လို့ထင်ပါတယ်။ ဂျပန်လက်ဖက် (လက်ဖက်စိမ်း) ကလည်း အလွန် အစွမ်းထက်တဲ့ ဂျပန်အစားအသောက်ထဲက တစ်ခုဖြစ်ပါတယ်။ ထိုလက်ဖက်ကို သင့်အနေနဲ့ အရမ်းပဲလွယ်ကူစွာ ဝယ်ယူနိုင်သလို၊ မိမိတို့ ရဲ့ နေ့စဉ် စားသောက်စရာများထဲသို့ မဖြစ်မနေပါဝင်သင့်တဲ့ ဓာတ်စာဆိုရင်လည်းမမှာပါဘူး။ ဘာကြောင့်လဲဆိုတော့ ထို လက်ဖက်ထဲတွင် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်လို့ပဲဖြစ်ပါတယ်။ နေ့စဉ် ဂျပန်လက်ဖက်စိမ်းရည် တစ်ခွက်ခန့် စပြီး စမ်းသုံးကြည့်သင့်ပါတယ်။

၇။ဂျပန်တို့၏ ရာသီအလိုက်ထွက်ရှိတဲ့ အစားအစာများနဲ့ ဒေသထွက်ကုန်များ အ ပေါ်အလေး ထားတတ်မှု

နိုင်ငံခြားထွက်ကုန်တွေထက် မိမိတို့၏ ဒေသထွက်ကုန်များနဲ့ ရာသီအ လိုက်ထွက် ရှိ တဲ့အစားအစာများကို ဂျပန်လူမျိုးတို့က တန်ဖိုးထား နှစ်သက်ကြပါတယ်။ ဒါကြောင့်လဲ ပိုမိုပြီး လုံခြုံစိတ်ချတဲ့ အစားအစာများကို ရရှိစေနိုင်တာဖြစ်တယ်။ နောက် ထပ် ထူးခြားချက်တစ်ခုက ဂျပန်ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ ‘washoku’(ဝါရှိုခူ)ကို လည်း ဒေသထွက်အသီးအနှံ ထုတ်ကုန်များနဲ့ သာ ပါဝင်စီမံ ထည့်ချက်ထားကြပါတယ်။ ဒီလို ဒေသထွက်ကုန်များကို အားပေးခုံမင်ကြတဲ့ အတွက် မိမိတို့အနေနဲ့ ကျန်းမာ ရေး အာမခံချက်ကို ပိုမိုရရှိစေမှာ အမှန်ပင်ဖြစ်ပါတယ်။

ဒီလိုဂျပန်တွေရဲ့ အသက်ရှည်စွာနေထိုင်နိုင်ပြီး ကျန်းမာရေး ကောင်းမွန်မှုတွေရဲ့ နောက်ကွယ်ကတော့ သူတို့ရဲ့ အစားအသောက်အပေါ်အလွန် အလေးထား တန်ဖိုးထားမှု တွေကို မျက်မြင်တွေ့ရှိနိုင်မှာ ဖြစ်တယ်။ ထို့နည်းတူ ကျွန်တော်တို့ မြန်မာလူမျိုး များအနေနဲ့ အစားအစာကို ဂရုစိုက်ပြီး ရွေးချယ်စားသုံးကြမယ်လို ထင်မိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကပင်မ ပန်းတိုင်ကတော့ အသက်ရှည်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ဖြစ်တဲ့အတွက်၊ ကျန်းမာရေးနဲ့ မလျှော်ညီတဲ့ နေထိုင်မှု၊ စားသောက်မှု၊ ခုံမင်မှုတွေကို အထူးပြန်လည် သုံးသပ်စဉ်းစားသင့်နေပြီးဖြစ်ပါတယ်။

မြန်မာတို့ရဲ့ စားသောက်ကုန်များထဲတွင် လတ်ဆတ်တဲ့ အစားအစာ နဲ့ အရာများထက်၊ နှစ်လ ကြာရှည်စွာ စီမံထားတဲ့ အစားအစာများက နေရာယူထားကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆီအနှစ်ကို နှစ်ခြိုက်စွာ စားသုံးခြင်းကိုလည်း ရှောင်ရှားကြရမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးသည် မိမိတို့ ရဲ့ နေ့စဉ် ရွေးချယ်မှုများနဲ့ တိုက်ရိုက် သက်ဆိုင်နေတာဖြစ်လို့ မှန်ကန်တဲ့အသိတရားများ ရရှိပြီး မှန်ကန်တဲ့ ရွေးချယ်မှုများကို ပြုလုပ်သွားကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာလူမျိုးများ အသက်ရှည်ကျန်းမာစွာ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: thetaste.ie

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top