ငှက်ချေးက ဘာလို့အဖြူရောင်ဖြစ်နေရတာလဲ

poop.jpg

ကျွန်တော်တို့လူသားတွေအပါအဝင် ကြောင်တွေ၊ ခွေးတွေ၊ မြင်းတွေ၊ ယုန်တွေ၊ သမင်းတွေ၊ ဆင်တွေနဲ့ အခြားတိရစ္ဆာန်တွေက အညိုရောင်ရှိတဲ့ မစင်ကို စွန့်ကြတာပါ။ ငှက်တွေကျတော့ ဘာလို့ အညိုရောင်မဟုတ်ပဲ၊ အဖြူနဲ့ အနက်ရောင်မစင်တွေကို စွန့်ကြတာလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။

ငှက်တွေရဲ့ အစာခြေအင်္ဂါစနစ်က ကျွန်တော်တို့နဲ့ အခြားသတ္တဝါတွေအများစုလို ပုံစံချင်းမတူကြပါဘူး။ ငှက်တွေက ဆီးသွားတာနဲ့ မစင်စွန့်တာကို သက်သက်စီ မလုပ်ကြဘဲ ဆီးသွားတာကော၊ မစင်စွန့်တာပါ တစ်ခါတည်းလုပ်ကြပါတယ်။ သတ္တဝါတိုင်းဟာ နိုက်ထရိုဂျင်ပါတဲ့ ဓာတ်ပစ္စည်းတွေကို စွန့်ပစ်နေရပါတယ်။ အဲဒီ နိုက်ထရိုဂျင်ပါတဲ့ ဓာတ်ပစ္စည်းတွေကနေ နောက်ဆုံးရလာတဲ့ ဓာတ်ကတော့ အမိုးနီးယားဓာတ်ငွေ့ (Ammonia) ဖြစ်ပါတယ်။ အခြားနို့တိုက်သတ္တဝါတွေလိုပဲ ငှက်တွေက အမိုးနီးယားဓာတ်ကို အသည်းကနေတာဝန်ယူပြီး ချေဖျက်ပေးရတယ်။ ဒါပေမဲ့ နို့တိုက်သတ္တဝါတွေနဲ့ မတူဘဲ ငှက်တွေက အမိုးနီးယားကို ယူရစ်အက်ဆစ် (Uric Acid) အနေနဲ့ ပြောင်းပစ်ပြီး ကျောက်ကပ်ကနေ စစ်ထုတ်ကြပါတယ်။ ယူရစ်အက်ဆစ်က ရေမှာ ကောင်းကောင်းမပျော်ဝင်နိုင်တာကြောင့် အဖြူရောင်ပျစ်ပျစ်အရည်အနှစ်တွေအဖြစ် သာစွန့်ထုတ်ရပါတယ်။

ငှက်မျိုးစိတ်အများစုက ဆီးသွားဖို့အင်္ဂါသီးသန့်မရှိပါဘူး။ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါလမ်းကြောင်း (သုက်ပြွန်၊ သားဥပြွန်) အတွက် ကလိုရာကာ (Cloaca) လို့ခေါ်တဲ့ အပေါက်တစ်ခုတော့ရှိပါတယ်။ ကျောက်ကပ်ကနေ ထွက်လာတဲ့ ဆီးခြောက်က ဆီးလမ်းကြောင်းတစ်လျှောက် ဆင်းလာပြီးနောက်၊ အူလမ်းကြောင်းအဆုံးမှာ စုနေပါတယ်။ ငှက်တွေက မစင်စွန့်တဲ့အခါ အဲဒီမစင်ကော၊ ယူရစ်အက်ဆစ် ကြွယ်ဝတဲ့ ဆီးခြောက်ဖြူဖြူတွေကိုပါ ထွက်သွားပါတယ်။ ဒါကြောင့် ငှက်ချေးက အဖြူအနှစ်တွေနဲ့၊ အစိမ်းရောင် (ဒါမှမဟုတ်) အစိမ်းရောင်များသွားရင် အနက်ရောင်ရှိတဲ့ မစင်ဖတ်တွေနဲ့ အတူရောနေရတာပါ။ ယူရစ်အက်ဆစ် ကြွယ်ဝတာကြောင့် ငှက်ချေးဟာ အက်ဆစ်သဘာဝပြင်းတယ်လို့ ပြောလို့ရပါတယ်။

ငှက်တွေက ရေများများသုံးစရာမလိုတဲ့အတွက် ယူရစ်အက်ဆစ် (Uric Acid) အဖြစ် စွန့်ထုတ်ကြပြီး ကုန်းနေရေနေသတ္တဝါတွေနဲ့ နို့တိုက်သတ္တဝါတွေကတော့ ယူရီးယားဓာတ် (Urea) အဖြစ် စွန့်ကြပါတယ်။

Ref: Curiosity, Mentalfloss “Why Is Bird Poop White?”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top