ကလေးငယ်တွေ ကြို့ထိုးရခြင်း အကြောင်းရင်း (၇) ချက်

mother-with-baby-on-bed-having-good-time-GVPHD29.jpg

ကြို့ထိုးတယ်ဆိုတာ ကလေး၊ လူကြီးအားလုံးမှာ ဖြစ်လေ့ရှိတဲ့ အခြေအနေတစ်ခုပါ။ မိခင်ဝမ်းထဲမှာ ရှိနေစဉ်ကတည်းက ဗိုက်ထဲက ရေမွှာရည်တွေကို မျိုချမိတဲ့အတွက် ကြို့ထိုးတာ ဖြစ်နိုင်သလို မွေးကင်းစ အရွယ်ရောက်လာချိန်မှာလည်း မိခင်နို့ ဒါမှမဟုတ် အခြားတစ်ခုကြောင့် ကြို့ထားတာ ဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေမှာ ကြို့ထိုးခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ ပျောက်ကင်းအောင် စွမ်းဆောင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

အစာအိမ် အချဉ်ပေါက်ခြင်း

အစာအိမ် အချဉ်ပေါက်တယ်ဆိုတာက အစာအိမ်ထဲက အစာတွေ အစာပြွန်ထဲ ပြန်ရောက် သွားတာကြောင့်ဖြစ်ပါတယ်။ ကလေးတွေရဲ့ အစာအိမ် အဝနားမှာရှိပြီး အစာတွေ အပေါ်ပြန်မတက်အောင် တားဆီးပေးတဲ့ အောက်ခြေ အစာပြွန်က ကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ကြို့ထိုးတာ ဖြစ်နိုင်ပါတယ်။ အစာနဲ့ အချဉ်ရည်တွေ အပေါ်ပြန်တဲ့အခါ ဖြစ်တဲ့ ကျိန်းစပ်မှုက ရင်ဝမ်းခြား ကြွက်သားကို တလှပ်လှပ်ဖြစ်စေတာကြောင့် ကြို့ထိုးတာ ဖြစ်ပါတယ်။

အလွန်အကျွံကျွေးခြင်း

မိခင်နို့ပဲဖြစ်ဖြစ် အစာအာဟာရပဲဖြစ်ဖြစ် အလွန်အကျွံ တိုက်ကျွေးခြင်း ပြုတဲ့အခါ အစာအိမ် လေပွပြီး ဖောင်းကားစေပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ ရုတ်တရက် ဖောင်းကားလာတာက ရင်ဝမ်းခြား ကြွက်သားကို ဆွဲဆန့်လိုက်တဲ့အတွက် ကြွက်သားတင်းပြီး ကလေးတွေ ကြို့ထိုးတာ ဖြစ်ပါတယ်။

လေအများကြီးဝင်ခြင်း

မိခင်နို့ရည်ထက် နို့ဗူးထဲက နို့ရည်ကျတာ မြန်တာကြောင့် နို့ဗူး ကုန်သွားတဲ့အခါ ကလေးဗိုက်ထဲမှာ လေတွေအများကြီး မျိုချမိနေတာ ဖြစ်ပါတယ်။ လေအဝင်များတဲ့အခါ ပြသတဲ့ ရောဂါလ က္ခဏာတွေက ဒုတိယအချက်မှာ ပြောထားတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အစား အလွန်အကျွံစားထားတာနဲ့ လေတွေမျိုချထားတာ ပေါင်းစပ်လိုက်တဲ့အခါ ကလေးက ကြို့ထိုးပြီး စိတ်တိုတာတွေ ဖြစ်စေပါတယ်။

ဓာတ်မတည့်ခြင်း

ကလေးတွေက နို့ဗူးထဲကပါတဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်တာ ရှိတတ်ပါတယ်။ ဒါကြောင့် အစာပြွန် ရောင်ရမ်းပြီး ကြို့ထိုးတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိခင်စားသုံးတဲ့ အစာအာဟာရကြောင့် မိခင်နို့ရည် ဖွဲ့စည်းပုံ ပြောင်းသွားတဲ့ အခါမှာလည်း ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

ပန်းနာရောဂါ

ပန်းနာရောဂါရှိတဲ့ ကလေးတွေရဲ့ အဆုတ်ပြွန်က ရောင်ရမ်းနိုင်တာကြောင့် အဆုတ်ထဲကို လေအရောက်ပို့တဲ့နေရာမှာ အဆီးအတား ဖြစ်နေတတ်ပါတယ်။ အသက်ရှူမဝတဲ့အခါ တရွှီရွှီဖြစ်ပြီး ရင်ဝမ်းခြား ကြွက်သားလှုပ်ရှားမှု များလာတာကြောင့် ကြို့ထိုးတာ ဖြစ်ပါတယ်။

လေကြောင့်နေမထိ ထိုင်မသာဖြစ်ခြင်း

ကလေးတွေမှာ အသက်ရှူစနစ်က အထိအခိုက်လွယ်တာကြောင့် မီးခိုးငွေ့၊ လေထု ညစ်ညမ်းမှုနဲ့ ရနံ့ပြင်းပြင်းတွေကြောင့် ချောင်းဆိုးစေနိုင်ပါတယ်။ အဆက်မပြတ် ချောင်းဆိုးတဲ့အခါ ကြို့ထိုးတာ ဖြစ်နိုင်ပါတယ်။

ကိုယ်တွင်း အပူချိန် ကျသွားခြင်း

ကိုယ်တွင်း အပူချိန် ကျသွားတဲ့အခါ ခန္ဓာကိုယ် ကြွက်သားတွေ ကျုံ့သွားပြီး ရင်ဝမ်းခြား ကြွက်သား ကျုံ့သွားတဲ့အတွက် ကြို့ထိုးတာ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ ကြို့ထိုးခြင်း ဖြစ်စေနိုင်တဲ့ အချက် (၇)ချက်ကို ဖော်ပြပြီးပြီဆိုတော့ ကြို့ထိုးတာ ပျောက်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတွေလည်း ဝေမျှချင်ပါတယ်။

ပထမတစ်နည်းအနေနဲ့က သကြားကျွေးပါ။ အရမ်းငယ်သေးတဲ့ ကလေးတွေအတွက်ဆိုရင်တော့ သကြားပျော်ရည်တိုက်ရပါမယ်။ ကလေးကို မတ်မတ်ထိုင်နေတဲ့ အနေအထားနဲ့ ပုခုံးကနေ ကျောကုန်းတစ်လျှောက် စက်ဝိုင်းပုံ အသာအယာ ပွတ်သပ်ပေးလို့လည်း ရပါတယ်။ အရေးအကြီးဆုံးတစ်ချက်ကတော့ ကလေးနို့တိုက်ပြီးတဲ့အခါ မိခင်ရဲ့ပခုံးပေါ်မှာ ကလေးခေါင်း မှေးတင်ကာ ကျောကုန်းကို အသာယာ ပုတ်ပေးလိုက်ရင် လေတွေ ထွက်သွားတဲ့အတွက် ကြို့ထိုးခြင်းဖြစ်စေမှာ မဟုတ်တော့ပါဘူး။

Ref:momjunction”7 reasons for a baby hiccup and how to prevent it”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top