ကမ္ဘာ့နိုင်ငံအနှံ့က ကြည့်ရှုနိုင်တော့မယ့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ

55817185_2294538174159592_8661103080563015680_n.jpg

မြန်မာ့ ရိုးရာ လက်ဝှေ့ကို ကမ္ဘာက သိအောင်ပြနိုင်မယ့် သတင်းကောင်းတစ်ခု ပေါ်လာပါပြီ။ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် World Lethwei Championship (WLC)  ပြိုင်ပွဲများ ကျင်းပ ပြုလုပ် နေတဲ့ မြန်မာလက်ခမောင်း ကုမ္ပဏီဟာ နာမည်ကြီး ရုပ်သံ Fight Network နဲ့ ဩဂုတ်လ ၉ရက်နေ့က စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

စာချုပ် သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး Fight Network ရုပ်သံမှာ မြန်မာလက်ခမောင်း ကုမ္ပဏီက ကျင်းပတဲ့ WLC လက်ဝှေ့ပြိုင်ပွဲများကို ကမ္ဘာတစ်ဝန်းမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Fight Network ရုပ်သံ ဟာဆိုရင် နာမည်ကြီး တိုက်ခိုက်ရေး ပြိုင်ပွဲတွေဖြစ်တဲ့ UFC, One Championship, K-1, Glory, SUPERKOMBAT, WWE တို့အပြင် အမေရိကန်မှာ ရေပန်းစားနေတဲ့ Ninja Warrior ပြိုင်ပွဲတွေကို ထုတ်လွှင့် ပြသလျက်ရှိတဲ့ ရုပ်သံလိုင်းပဲဖြစ်ပါတယ်။ မွေထိုင်းပြိုင်ပွဲများကို လုံးဝပြသခြင်း မရှိတဲ့ အဆိုပါ Fight Network ရုပ်သံဟာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် ရုပ်သံ ကုမ္ပဏီကြီး တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အခုလို စာချုပ် ချုပ်ဆိုလိုက်တဲ့အတွက် မြန်မာလက်ခမောင်း ကုမ္ပဏီက ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် World Lethwei Championship (WLC)  ပြိုင်ပွဲများကို ကနေဒါ၊ အမေရိကန်၊ ပေါ်တူဂီ၊ ဘယ်ဂျီယံ၊ တူရကီ၊ မွန်တီနီဂရိုး၊ ဆားဘီးယား၊ ဘော့စနီးယား၊ အန်ဂိုလာ၊ အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံများ နဲ့ မြောက်အာဖရိကနိုင်ငံတွေမှာ Fight Network ရုပ်သံကနေတဆင့် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top