လက်သန့်စင်ဖို့အတွက် လက်သန့် ဆေးရည်ကို နည်းမှန် လမ်းမှန်နဲ့ အသုံးပြုနည်း

17-6-2020-yyl-027.jpg

ကိုယ်ကိုယ့်ကိုယ် COVID-19 ကူးစက်မခံရအောင် ကာကွယ်ဖို့အတွက် လက်သန့်ရှင်းရေးက အရမ်းအရေးကြီးပါတယ်။ လူအများထိတွေ့ထားတဲ့ နေရာတွေကို ကိုင်မိရင် ရေ၊ ဆပ်ပြာတို့နဲ့ လက်ဆေးတာက ရောဂါကူးစက်နိုင်ချေကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရေ၊ ဆပ်ပြာမရနိုင်တဲ့ အခြေအနေမျိုးမှာ အယ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်က လက်ပေါ်က ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေကို သတ်ပစ်ဖို့အတွက် ဒုတိယ ရွေးချယ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်ကို စနစ်တကျ သုံးပေးသင့်ပါတယ်။ Centers for Disease Contrl (CDC) အရ လူအများစုက လက်သန့်ဆေးရည်သုံးတဲ့အခါမှာ အချိန်အကြာကြီး မပွတ်ကြဘူးလို့ သိရပါတယ်။

လက်သန့်ဆေးရည် သုံးဖို့အတွက် နည်းမှန်လမ်းမှန်

ရေ၊ ဆပ်ပြာတို့နဲ့ လက်ဆေးတဲ့အခါ ပိုးမွှားတွေ သေဖို့အတွက် လက်တွေကို စက္ကန့် (၂၀) လောက် ပွတ်တိုက် ဆေးပေးရပါတယ်။ လက်သန့်ဆေးသုံးရင် လက်တွေကို အဲဒီအချိန်ထက်ပိုပြီး ပွတ်တိုက်ပေးရပါတယ်။ ပိုးမွှားနဲ့ ဘတ်တီးရီးယားတွေကို သတ်ဖို့အတွက် လက်သန့်ဆေးရည်ကို စက္ကန့် (၃၀) လောက် အချိန်ယူပြီး ပွတ်တိုက်ပေးရ မှာဖြစ်တယ်လို့ CDC က ဆိုပါတယ်။ လူတွေက လက်ကို အချိန်ကိုက် မဆေးကြတဲ့အတွက် သတိမပြုမိဘဲ ရောဂါကူးစက်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်ခါ သင် လက်သန့်ဆေးရည်အသုံးပြုမယ်ဆိုရင် စက္ကန့် (၃၀) လောက် အချိန်ယူပြီး လက်တွေကို နှံ့နှံ့စပ်စပ်ပွတ်တိုက်ပေးသင့်ပါတယ်။

မှတ်သားထားသင့်တဲ့အချက်များ

လက်တွေကို သေချာသန့်စင်ဆေးကြောနိုင်ဖို့အတွက် လိုက်နာသင့်တဲ့ အရာတချို့ရှိပါတယ်။ အဲဒါတွေကတော့

  • ရေ၊ ဆပ်ပြာတို့ မရတဲ့အခါမျိုးမှာဆိုရင် အယ်ကိုဟော (၆၀) ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည်ကို စက္ကန့် (၃၀) လောက် အသုံးပြုပေးပါ
  • လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားတွေကို သေသေချာချာ ပွတ်တိုက်ပေးပါ
  • မွေးကင်းစကလေးတွေရဲ့လက်တွေကို သန့်စင်ဖို့အတွက် လက်သန့်ဆေးရည်ကို အသုံးမပြုပါနဲ့
  • ကလေးတွေက လက်သန့်ဆေးရည်သုံးလို့ရပေမယ့် လူကြီးတွေရှေ့မှာတင် အသုံးပြုခိုင်းပါ
  • လက်သန့်ဆေးရည်ခြောက်သွားတဲ့အထိ လက်တွေကို ပွတ်တိုက်ပေးပါ
  • ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ဝေးရာမှာ လက်သန့်ဆေးရည်ကို အမြဲသိမ်းထားပါ
  • လက်သန့်ဆေးရည်အသုံးပြုပြီးရင် ပါးစပ်ကို လက်တွေနဲ့ မထိမိပါစေနဲ့

COVID-19 အန္တရာယ်ကနေကင်းဝေးဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ နည်းလမ်းတွေကို လိုက်နာခြင်းဖြင့် မိမိကစပြီး ကာကွယ်နိုင်ကြပါစေ..။

Ref: CDC says this is the right way to clean your hands with sanitizer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top