ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲမှာ မအောင့်နိုင်တော့လို့ ရှူးပြေးပေါက်ခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာ

30-9-2020-yyl-017.jpg

ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ခရာဘောင်းဖလားပွဲစဉ်မှာ မအောင့်နိုင်တော့လို့ အဝတ်လဲခန်းထဲ ရှူးပြေးပေါက်ခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာရဲ့ ဖြစ်ရပ်က ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါတယ်။ အဲဒီပွဲမှာ တီမိုဝါနာရဲ့ဂိုးကြောင့် ချဲလ်ဆီးက (၁-ဝ)ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပြီး ပွဲချိန်(၇၅)မိနစ်အရောက်မှာ အဲရစ်ဒိုင်ယာက ကွင်းထဲကနေ ပြေးထွက်လာခဲ့တာပါ။ အစောပိုင်းမှာ တချို့တွေက အဲရစ်ဒိုင်ယာကို မော်ရင်ဟို လူစားလဲလိုက်တာ ဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမဲ့ မော်ရင်ဟိုကိုယ်တိုင် ဥမင်လိုဏ်ခေါင်းထဲ ဝင်သွားပြီး အဲရစ်ဒိုင်ယာနောက် လိုက်သွားခဲ့ချိန်မှာ ဒွိဟဖြစ်ခဲ့ရပါတယ်။ ခဏအကြာမှာတော့ အဲရစ်ဒိုင်ယာက ဥမင်လိုဏ်ခေါင်းထဲကထွက်ပြီး ကွင်းထဲ ပြန်ဝင်လာခဲ့တာပါ။ ” မော်ရင်ဟိုကတော့ သိပ်မကြည်ဘူး။ ဒါပေမဲ့ ကျန်းမာရေးကိစ္စဆိုတော့ ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိဘူးလေ”လို့ အဲရစ်ဒိုင်ယာက ပြောပါတယ်။ အဲဒီပွဲစဉ်မှာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ အဲရစ်ဒိုင်ယာဟာ အဲဒီဆုကို အိမ်သာခွက်ပေါ်တင်ပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top