မျက်လုံး ညောင်းလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ

image_large.jpg

ကွန်ပျူတာရှေ့ အကြာကြီး ထိုင်အလုပ်လုပ်ရသူတွေ၊ စာရင်းအင်းတွေနဲ့ တွက်ချက် အလုပ်လုပ်ရသူတွေဟာ ရေရှည်မှာ မျက်လုံးညောင်းလာ ၊ မျက်စိတွေ ခြောက်သွေ့ယားယံတာတွေ ကြုံလာရတတ်ပါတယ်။

မျက်စိတွေ ခြောက်သွေ့ ယားယံနေတယ်လို့ ခံစားရလာရင်တော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပေးကြည့်ပါ။ ဒီနည်းနဲ့ သက်သာလာနိုင်ပါတယ်။ ပြီးတော့ မျက်စိကို ပြန်လည် လန်းဆန်းလာစေဖို့ ဒီနည်းလမ်းတွေ သုံးကြည့်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်တဲ့လူဆိုရင်တော့ ဒီနည်းတွေ မသုံးခင်မှာ မျက်ကပ်မှန် ချွတ်ထားဖို့ လိုပါတယ်။

၁)လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်ပေးပါ ။ ပြီးတော့ တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး လက်ဖဝါးတွေနဲ့ မျက်လုံးကို အုပ်ထားပေးပါ။ မျက်စိမှိတ်ပြီး အသက် ဖြေးဖြေးမှန်မှန် ရှူပါလ။  ပြီးတော့ လက်ဖနောင့်နဲ့ မျက်လုံးကို ဖွဖွလေး ဖိ ပေးပါ။ ဒီအတိုင်း သုံးလေးခေါက်လောက် လုပ်ကြည့်ပါ။

၂)လက်မ နှစ်ဖက်နဲ့ မျက်ခုံးတွေကို နှိပ်နယ်ပေးပါ။ မျက်ခုံး နှစ်ခု ဆုံတဲ့နားကနေ နားထင်ဘက်ကို တဖြည်းဖြည်း နှိပ်သွားပေးပါ။

ဒီနည်းလမ်းတွေ အတိုင်း လုပ်ကြည့်မယ်ဆို မျက်စိ အညောင်းအညာပြေ ပြီး ပြန်လည်လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top