Wonder Woman ဟာ အော်စကာဆုအတွက် အကောင်းဆုံး ရုပ်ရှင်အဖြစ် ပထမဆုံး ဆန်ကာတင် စာရင်းဝင်တဲ့ comic book movie ဖြစ်လာမလား

ShowImage.ashx_.jpg

အခုအချိန်ထိ ​အကယ်ဒမီဆုအတွက် ဆန်ကာတင်ခဲ့တဲ့ ရုပ်ရှင်ပေါင်း ၅၃၇ခုရှိပြီး အဲ့ဒီထဲက ၈၉ခုကတော့ တကယ်အော်စကာဆုရခဲ့ပါတယ်။ တော်တော်များများက dramaပုံစံမျိုးဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ကားတွေက​တော့ ရာခိုင်နှုန်းနည်းပါတယ်။

၂၀၀၉ခုနှစ်နောက်ပိုင်းမှာမှ အကယ်ဒမီပေးဖို့ ရုပ်ရှင်အမျိုးအစားတွေကို ထပ်ဖြည့်စွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇နှစ်တစ်ဝက်ကျိုးလာခဲ့တဲ့အချိန်မှာ ဘယ်ရုပ်ရှင်တွေကတော့ ဘယ်ပုံစံနဲ့ အော်စကာမှာ ဆန်ကာတင်ဆုဝင်မလဲ စဉ်းစားနေကြပါပြီ။ အခုဦးဆောင်နေတဲ့ရုပ်ရှင်တွေက Get Out, Spider-Man: Homecoming နဲ့ Wonder Womanတို့ပဲ ဖြစ်ပါတယ်။ အစီရင်ခံစာတွေအရ Warner Bros. ကုမ္ပဏီဟာ Wonder Womanရုပ်ရှင်ကို အကောင်းဆုံးရုပ်ရှင်၊ ဒါရိုက်တာ ပက်တီဂျန်ကင်းစ် (Patty Jenkins)ကို အကောင်းဆုံးဒါရိုက်တာအဖြစ် ဆန်ကာတင်စာရင်းဝင်နိုင်စေဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ရဲ့ အောင်မြင်မှုက အံဩစရာကောင်းလောက်တဲ့ ရလဒ်တွေရှိခဲ့တာမို့ အော်စကာစာရင်းဝင်န်ိုင်ခြေရှိနေပါတယ်။ ကုမ္ပဏီဟာ ကြော်ငြာဖို့ ပိုက်ဆံအများအပြား သုံးစွဲခဲ့သလို ရုပ်ရှင်အတွက်လည်း ဘတ်ဂျက်အကုန်အကျခံခဲ့ပါတယ်။

ဒါက Get Outလို ဇာတ်ကားအတွက် စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။ ဒါပေမယ့် Wonder Womanရော Get Out ရော နှစ်ကားလုံးဟာ အောင်မြင်မှုတွေဆက်တိုက်ရနေပြီး ထောက်ခံချက်တွေ အခိုင်အမာရထားကြပါတယ်။ Wonder Woman ဇာတ်ကားဟာ ရုပ်ပြစာအုပ် ( Comic book ) ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ဒီလိုဇာတ်ကားမျိုးတွေထဲမှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ပထမဆုံး အော်စကာဆန်ကာတင်စာရင်းဝင်တဲ့ကားတစ်ကား ဖြစ်လာမလားလို့ ထင်ကြေးပေးနေကြပါတယ်။

Variety မဂ္ဂဇင်းကတော့ အခုလိုကောက်ချက်ချပါတယ်။ “Gravity နဲ့The Martianလိုမျိုး အရမ်းအောင်မြင်တဲ့ရုပ်ရှင်တွေရှိပေမယ့် comic bookကို အခြေခံထားတဲ့ဇာတ်ကားကတော့ ဒီလိုလုံးဝအောင်မြင်ဖို့ မတွေ့ရသေးဘူး။ ဘာလို့လဲဆိုတော့ အကယ်ဒမီအဖွဲ့ဟာ Batmanနဲ့ Deadpoolတို့လိုမျိုးတွေကို ထည့်သွင်းစဉ်းစားဖို့ကို အချိန်ဆွဲနေသေးတယ်။ ဒါပေမယ့် Warner Bros. ကုမ္ပဏီကတော့ Wonder Womanရုပ်ရှင်အတွက် ဆန်ကာတင်မဲများဖို့ ကြိုးစားနေကြတာကြောင့် အခွင့်အရေးတစ်ရပ်ရရှိလာနိုင်ပါတယ်”

Ref: Elle ; “Could Wonder Woman be the first comic book movie nominated for the best picture Oscar?”

Sophia (yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top