(၁၃) နာရီအတွင်း (၂၆) ကီလိုမီတာ အကွာအဝေးကို ကူးခတ်နိုင်ခဲ့တဲ့ အသက် (၉) နှစ်အရွယ် ကလေးမလေး

swim_01.jpg

Qiongzhou ရေလက်ကြားကို ကူးခတ်နိုင်ခဲ့တဲ့ အသက် (၉) နှစ်အရွယ်ကလေးမလေး

အသက် (၉) နှစ်အရွယ် တရုတ်ကလေးမလေးဟာ တရုတ်ပြည်နဲ့ ဟိုင်နန်ပြည်နယ်ကျွန်းတို့ကို ဆက်စပ်ထားတဲ့ ရေလက်ကြားတစ်ခုကို ဖြတ်ကျော် ကူးခတ်နိုင်တဲ့အတွက် အငယ်ဆုံး ရေကူးသမား ဖြစ်လာခဲ့ပါတယ်။

ရှောင် ရီဟန် (Zhou Yihan) ဆိုတဲ့ အဲ့ဒီ ကလေးမလေးက အသက် (၁) နှစ်အရွယ်ကတည်းက ရေကူးနည်းကို သင်ယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ သူဟာ (၂၆) ကီလိုမီတာ အကွာအဝေးရှိတဲ့ Qiongzhou ရေလက်ကြားကို ကူးခတ်ဖို့အတွက် (၁၃) နာရီ အချိန်ယူခဲ့ရပါတယ်။ ဟိုင်းခိုမြို့ (Haikou) က စတင်ကူးခတ်ခဲ့ပြီး ရှီဝမ်မြို့ (Xuwen)မှာ အဆုံးသတ်ခဲ့တာဖြစ်တယ်လို့ တရုတ်မီဒီယာတွေအရ သိရပါတယ်။

Qiongzhou ရေလက်ကြားကို ကူးခတ်နိုင်ခဲ့တဲ့ အသက် (၉) နှစ်အရွယ်ကလေးမလေး

Qiongzhou ရေလက်ကြားကို ကူးခတ်နိုင်ခဲ့တဲ့ အသက် (၉) နှစ်အရွယ် ကလေးမလေး

တတိယတန်း တတ်ရောက်နေတဲ့ ရီဟန်က အခြား လူကြီး ရေကူးသမား (၉) ဦးနဲ့ ကူးခတ်ခဲ့တာပါ။ အဲ့ဒီအထဲက (၃) ဦးကသာ အဆုံးထိပြီးမြောက်အောင် ကူးခတ်နိုင်ခဲ့ပါတယ်။ သူက ကူးခတ်နေစဉ်အတွင်းမှာ ဂျယ်လီငါး ကိုက်တာခံရသလို ရေစီးသန်တာတွေကိုလည်း ခဏခဏ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရီဟန်ဟာ ပြီးခဲ့တဲ့နှစ်က “Everest of the Sea” လို့ခေါ်တဲ့ စိန်ခေါ်မှုကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့တဲ့ သူ့ရဲ့ဖခင်ကို အတုယူခဲ့တာဖြစ်ပါတယ်။ “ဒါက ပျော်စရာကောင်းမယ်လို့ သမီးထင်ပါတယ်။ အဖေလိုမျိုး သမီးလည်း လုပ်ချင်ခဲ့တယ်” လို့ သူက ပြောပါတယ်။ ရီဟန်က ရေကူးကန်မှာ တစ်ပတ်ကို (၆) ရက် လေ့ကျင့်မှုတွေ ပြုလုပ်ပြီး အခုလို ကူးခတ်ဖို့အတွက် ပြင်ဆင်ခဲ့ရပါတယ်။ သူ့ရဲ့ဖခင်နဲ့ ကျွမ်းကျင် ရေကူးသမားတို့က သူ့ကို လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

Qiongzhou ရေလက်ကြားကို ကူးခတ်နိုင်ခဲ့တဲ့ အသက် (၉) နှစ်အရွယ်ကလေးမလေး

Qiongzhou ရေလက်ကြားကို ကူးခတ်နိုင်ခဲ့တဲ့ အသက် (၉) နှစ်အရွယ်ကလေးမလေး

ရေကူးနေစဉ်အတွင်းမှာ ရီဟန်ရဲ့ဘေးကနေ အကူလှေတစ်စင်းလည်း လိုက်ပါလာခဲ့သလို သူ့ရဲ့ မိဘတွေနဲ့ နည်းပြတွေကလည်း ဘေးကနေ ပံ့ပိုးပေးခဲ့ကြပါတယ်။ ရေကူးသမားတစ်ယောက်ချင်းစီကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ဖို့အတွက် လှပေါ်တတ်တာ၊ အနားယူတာ၊ စားတာသောက်တာတွေ ခွင့်မပြုထားပါဘူး။ ရီဟန်က ရေစီးသန်တာတွေကြောင့် ကြံ့ကြာမှုတွေရှိခဲ့ပြီး မျှော်မှန်းထားတဲ့အချိန်ထက် နောက်ကျပြီးမှ ပန်းတိုင်ကိုရောက်ရှိခဲ့ပါတယ်။

ရီဟန်ရဲ့ဖခင်တုန်းက သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ (၈) နာရီသာ အချိန်ယူကူးခတ်ခဲ့ရတာပါ။ ဒါကြောင့်မို့ သူ့သမီးလေးကိုတော့ (၁၁) နာရီသာ အချိန်ယူရမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ သူ့သမီးကို ဒီလို စိန်ခေါ်မှုမှာ ပါဝင်ဖို့အတွက် တွန်အားမပေးခဲ့ကြောင်း၊ သူ့သမီးရဲ့ အလိုဆန္ဒအလျောက် မိဘတွေက အပြည့်အဝ ပံ့ပိုးပေးခဲ့ကြောင်း သတင်းဌာနကို သူက ပြောခဲ့ပါတယ်။

Ref: SouthChinaMorningPost “Nine-year-old Chinese girl becomes youngest swimmer to conquer ‘Everest of the Seas’”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top