ဒေါ်လာ ၂၅ ဘီလျံတန် စီးပွားရေးအဖွဲ့အစည်းရဲ့ဆက်ခံသူအဖြစ် သားအငယ်ဆုံးကို ရွေးချယ်လိုက်တဲ့ ၉၂ နှစ်အရွယ် ဘီလျံနာ

12.6.23-yyl-8.jpg

အသက် ၉၂ နှစ်အရွယ် စွန့်ဦးတီထွင်သူ၊ ငွေကြေးကုန်သည်၊ ပရဟိတသမား၊ နိုင်ငံရေးလှုပ်ရှားသူ ဘီလျံနာ ဂျော့ချ် ဆိုးရော့စ်က သူ့ရဲ့ ဒေါ်လာ ၂၅ ဘီလျံတန်စီးပွားရေးအဖွဲ့အစည်းအတွက် ဆက်ခံသူတစ်ယောက်ကို ဆုံးဖြတ်ပြီးသွားပါပြီ။ ဂျော့ချ်က သူ့ရဲ့စီးပွားရေးအဖွဲ့အစည်းကို သူ့ရဲ့အသက် ၂၇ နှစ်အရွယ်သားဖြစ်သူ အလက်ဇန္ဒား ဆိုးရော့စ်ဆီ လွှဲပြောင်းပေးတော့မှာပါ။

သားသမီးတွေကို ဆက်ခံသူတွေအဖြစ် သတ်မှတ်တာက လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့အတွက် မထူးခြားတဲ့ပုံပေါ်ပေမဲ့ အခုလို ဂျော့ချ် ဆုံးဖြတ်လိုက်တာက အံ့အားသင့်စရာပါပဲ။ သူက သူ့သားသမီးတွေကို သူ့ရဲ့စီးပွားရေးအဖွဲ့အစည်းနဲ့ပတ်သက်ပြီး လွှဲပြောင်းတာဝန်မယူစေချင်ဘူးလို့ အရင်ကထုတ်ပြောပြခဲ့ဖူးတာကြောင့်ပါ။ အခု သားသမီး ၅ ဦးထဲက အငယ်ဆုံးသားဆီ လွှဲပြောင်းပေးမယ့် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလက်ဇန္ဒားရဲ့ကြိုးစားအားထုတ်မှုအတွက် ဒါကို ထိုက်ထိုက်တန်တန်ရသွားခဲ့တယ်လို့ ဂျော့ချ်က ဆိုပါတယ်။

ဟန်ဂေရီမှာ မွေးဖွားခဲ့တဲ့ ဂျော့ချ်က အသက် ၁၇ နှစ်အရွယ်မှာ သူ့ရဲ့မွေးရပ်မြေကနေထွက်ပြီး ရထားတွဲအစောင့်နဲ့ စားပွဲထိုးအဖြစ် လုပ်ကိုင်ရင်းနဲ့ London School of Economics ကို တက်ရောက်ခဲ့တာပါ။ သူက ၁၉၉၂ ခုနှစ်အတွင်း Black Wednesday UK နိုင်ငံခြားငွေဂယက်မှာ ဒေါ်လာသန်း တစ်ထောင်ကို တင်ပြပြီးနောက် အင်္ဂလန်ဘဏ်ကိုချိုးဖောက်နိုင်သူအဖြစ် လူသိများပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်က သူ့ရဲ့ မိသားစုပိုင်ရုံးကနေ ဒေါ်လာ ၁၈ ဘီလျံကို သူ တည်ထောင်ထားတဲ့ Open Society Foundations ကို လွှဲပြောင်းပေးခဲ့ပါသေးတယ်။ သူဟာ အရက်ရောဆုံးအလှူရှင်တွေထဲက တစ်ယောက်ပါ။ လက်ရှိ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၆.၇ ဘီလျံပါ။

စီးပွားရေးအဖွဲ့အစည်းဆက်ခံသူ အလက်ဇန္ဒား ဆိုးရော့စ်က သူ့အဖေထက် နိုင်ငံရေးပိုလုပ်ပြီး လက်ဝဲယိမ်းအမေရိကန်နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေဆီ မိသားစုငွေတွေ ဆက်လက်လှူဒါန်းဖို့ စီစဉ်နေပါတယ်။ မဲပေးတာနဲ့ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာအခွင့်အရေးအပြင် ကျားမရေးရာတန်းတူညီမျှမှုတွေပါ၀င်ဖို့ Open Society Foundations ရဲ့ဦးစားပေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်သွားမှာပါ။

Open Society Foundation ဘုတ်အဖွဲ့ဟာ ဒီဇင်ဘာလက အလက်ဇန္ဒားကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး အခု သူက ဆိုးရော့စ်ရဲ့နိုင်ငံရေးလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌအဖြစ် နိုင်ငံရေးလှုပ်ရှားမှုကို ညွှန်ကြားနေပါတယ်။ ဖောင်ဒေးရှင်းက ကမ္ဘာ့တစ်ဝှမ်းရှိ လူ့အခွင့်အရေးကို ကျောထောက်နောက်ခံပြုနေတဲ့၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ ကူညီပေးနေတဲ့သူတွေလို အဖွဲ့တွေအတွက် တစ်နှစ်ကို ဒေါ်လာ ၁.၅ ဘီလျံခန့် လှူဒါန်းပါတယ်။

Ref: 92-YO Billionaire George Soros Takes A U-Turn By Naming Son As Successor Of His $25 Billion Empire

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top