ဒေါ်လာ ၂.၇၅ ဘီလီယံ တန်ဖိုးရှိသော ဖိုက်တာဂျက် များအား စင်ကာပူသို့ရောင်းချမည်ဟု US အတည်ပြု

yyl-020-12.jpg

F-35 တိုက်လေယာဉ်အမျိုးအစား အစီးရေ ဆယ့်နှစ်စီး၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၇၅ ဘီလီယံ တန်ဖိုးရှိသော ဖိုက်တာဂျက်များကို စင်ကာပူနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း အမေရိကန် မှ အတည်ပြုလိုက်ပြီဟု ပြီးခဲ့သော သောကြာနေ့က တရားဝင် ထုတ်ပြန် ခဲ့သည်။

စင်ကာပူအစိုးရအဖွဲ့မှ ပြီးခဲ့သောနှစ်က တိုက်လေယာဉ် အသစ်များဝယ်ယူရန် အစီအစဉ်များ ရှိကြောင့် ပြောကြားခဲ့ပြီး ယခုနှစ်အတွင်း ထိုအစီအစဉ်အရ အမေရိကန် နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ စင်ကာပူနိုင်ငံသည် သေးငယ်သော ကျွန်းနိုင်ငံ ဖြစ်သော်လည်း နိုင်ငံအတွင်းတွင်အကောင်းဆုံးသော စစ်လက်နက်များစွာကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်ခု ဖြစ်သည့်အပြင် နိုင်ငံတော် ကာကွယ်ရေး အတွက် ငွေကြေး များစွာ ရင်းနှီးမြုပ်နှံထားသော နိုင်ငံတစ်ခု ဖြစ်သည်။

“စင်ကာပူနိုင်ငံက အမေရိကန်ရဲ့ စစ်မဟာဗျူဟာ မိတ်ဆွေနိုင်ငံပဲ။ အရေးပါတဲ့ လုံခြုံရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေး တည်ငြိမ် အေးချမ်းရေး၊ အရှေ့တောင်အာရှ စီးပွားရေးတိုးတက်ရေးအတွက် လှုပ်ရှားမှုကိုလည်း လက်တွဲလုပ်လာခဲ့ကြတယ်။” ဟု US Defense Security Cooperation Agency က State Department သည် တိုက်လေယာဉ် ရောင်းချရန် အတည်ပြုလိုက်ကြောင်း နှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြောကြားခဲ့သည်။

စင်ကာပူလေတပ်တွင် အသုံးပြုနေသော F-16 တိုက်လေယာဉ်များသည် နှစ်အတော်ကြာ အသုံးပြုခဲ့ပြီးပြီ ဖြစ်ကြောင်း နှင့် သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်သောကြောင့် နည်းပညာမြင့် F-35 တိုက်လေယာဉ်အသစ်များဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း စင်ကာပူလေတပ်မှ တာဝန်ရှိသူ အရာရှိတစ်ဦးမှဆိုသည်။ F-35 တိုက်လေယာဉ်များသည် အသံထက်မြန်သော လေယာဉ်များဖြစ်ပြီး လေယာဉ်ကို ရေဒါနှင့် ဖမ်းရခက်အောင် နည်းပညာဖြင့် ဖန်တီးထားသောကြောင့် လေယာဉ်မှုးများသည် ရေဒါကရိယာများမှ မတွေ့အောင် ရှောင်တိမ်း နိုင်မည်ဖြစ်သည်။ ထို့အပြင် F-35 တွင် ခေတ်မှီ အီလက်တရောနစ် စနစ်ဖြင့် စစ်ပွဲခြေရာခံ စနစ်ပါဝင်သောကြောင့် လေယာဉ်မှုးများ အနေဖြင့် ရန်သူ့အခြေခံစခန်းများ၊ ပစ်ခတ်မှုဖြစ်ပွားသည့် ပုန်းအောင်းနေရာများကို ခြေရာခံနိုင်မည်ဖြစ်သည်။ စင်ကာပူ စစ်တပ်သည် F-15 တိုက်လေယာဉ်များ၊ Apache ရဟတ်ယာဉ်များ နှင့် ရေငုပ်သဘ်ောများစွာကိုလည်း ပိုင်ဆိုင်ထားသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top