ချစ်သူဟောင်းနဲ့ပြန်တွဲပြီးနောက်အချစ်ရေးကရှုပ်ထွေးခက်ခဲတယ်လို့ဖွင့်ဟလာတဲ့ Robbert Pattinson

ro.jpg

ချစ်သူဟောင်း ခရစ္စတင်းစတီးဝပ် နဲ့ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး ရက်အနည်းငယ်ကြာပြီးနောက် အချစ်ရေးက ရှုပ်ထွေးခက်ခဲတယ်ဆိုပြီး ရောဘတ်ပတ်တင်ဆန် က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ Twilight Saga ဇာတ်လမ်းတွဲမှာ အက်ဒဝပ်ကူလန် အဖြစ် သရုပ်ဆောင်ပြီးချိန်မှစလို့ရောဘတ်ပတ်တင်ဆန်က ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားထဲမှာ အချစ်အတွက် ဘယ်အရာမဆို ပေးဆပ်ဖို့ အသင့်ရှိသူဖြစ်ပေမဲ့ လက်တွေ့မှာတော့ တော်တော်လေးကွာခြားနေပါတယ်။

မကြာသေးမီ က သူ့ရဲ့ အသစ်ထွက်ရှိမယ့် ဇာတ်ကားသစ် “Damsel” မိတ်ဆက်ပွဲကို ဘာလင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဇာတ်လမ်းက စိတ်ကူးယဉ်ဆန်ဆန် ရောဘတ်ဇာတ်ရုပ်နဲ့ စွန့်စားမှုတွေကို ရူးသွပ်တဲ့ သူ့ရဲ့ဇနီး အကြောင်းကို အဓိက ရိုက်ကူးထားတာပါ။ လူတော်တော်များများအတွက် အချစ်ဇာတ်လမ်းတွေက ပြီးပြည့်စုံတဲ့ ပုံပြင်ဆန်ဆန်အတွေးတွေဆိုပေမဲ့ ရောဘတ်ပတ်တင်ဆန် အတွက်ကတော့ အချစ်ရေးနဲ့ပတ်သက်ရင် ဇာတ်ကားထဲကစရိုက်နဲ့အပြင်စရိုက်မတူဘဲခံယူချက်ခြင်းကွဲလွဲနေပါတယ်။ “အချစ်ရေးက ထင်တာထက်ပိုပြီး ခက်ခဲရှုပ်ထွေးတယ်ဗျ။ဒါပေမဲ့ Samuel အဖြစ် သရုပ်ဆောင်ထားတဲ့ ကျွန်တော့်ဇာတ်ရုပ်က စိတ်ကူးယဉ်သမားလိုဖြစ်နေတယ်”ဆိုပြီး သူ့ရဲ့အသစ်ထွက်ရှိမယ့် ရုပ်ရှင်ကားစာနယ်ဇင်းရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။ လော့အိန်ဂျလိစ်မှာ ရောဘတ်ပတ်တင်ဆန် နှင့် ခရစ္စတင်းစတီးဝပ်တို့နှစ်ဦးသားကို တွဲပြီး တွေ့ခဲ့တယ်လို့ ပရိသတ်တွေဆီက သတင်းတွေထွက်လာပြီး နောက်မှ ဒီသတင်းကို ရောဘတ်က ပြောခဲ့တာပါ။

၃ နှစ်ကြာလက်တွဲပြီး ၂၀၁၃ မှာပြတ်သွားတဲ့ သူတို့နှစ်ယောက် ခုလိုပြန်တွဲနေတာတွေ့ရတော့ အင်တာနက်သုံးစွဲသူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါတယ်။ သူတို့အတွဲရဲ့ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာ ထွက်ပေါ်လာခြင်းမရှိပေမဲ့ သူတို့ရဲ့ပရိသတ်တွေကတော့ သူတို့တွေ့ခဲ့တဲ့ အကြောင်းအရာကိုဆိုရှယ်မီဒီယာတွေကတဆင့် ဖြန့်လိုက်ပါတယ်။ ပရိသတ်တစ်ယောက်က ဘားတစ်ခုမှာ သူငယ်ချင်းမွေးနေ့ကျင်းပနေစဉ် ရောဘတ် နဲ့ခရစ္စတင်းတူတူတွဲပြီး ဘားထဲဝင်လာတာတွေ့လိုက်ကြောင်းပြောပါတယ်။ တခြားပရိသတ်တစ်ဦးကလည်း သူတို့နှစ်ဦးကို ယှဉ်တွဲဲပြီး တွေ့လိုက်ရပေမဲ့ဓာတ်ပုံရိုက်ရင်ရိုင်းရာကျမှာဆိုးတဲ့အတွက်မရိုက်ခဲ့ရတဲ့အကြောင်း အင်တာနက်မှာ ရေးတင်ခဲ့ပါတယ်။ သူတို့နှစ်ဦးသားပြန်တွဲနေတယ်ဆိုတဲ့သတင်းက နည်းနည်းတော့စဉ်းစားစရာဆိုပေမယ့် အချစ်ရေးက ခက်ခဲရှုပ်ထွေးတယ်လို့ပြောကြားလာတဲ့ ရောဘတ်ပတ်တင်ဆန် အတွေးကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့နှလုံးသားက အချစ်ဟောင်းဖြစ်တဲ့ ခရစ္စတင်းစတီးဝပ်ဆီပြန်လည်တိမ်းစောင်းမလားဆိုတာတော့စိတ်ဝင်စားစရာပါ။

Ref:meaww.com/robert-pattinson-says-love-is-complicated-a-coupl…

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top