လေပြွန်တွေရောင်ပြီး ချွဲကျပ်နေရင်ဘယ်လိုကုသမလဲ

Normal-Bron.jpg

သာမန် အအေးမိ နှာစေးတာက ၂ ပတ်၊ ၃ပတ်ကြာရင် ပျောက်ပေမယ့် လေပြွန်ရောင်ရင်တော့ တော်တော်နဲ့မပျောက်ဘဲ ကြာတတ်ပါတယ် လေပြွန်ရောင်တဲ့အခါ ချွဲသလိပ်ထပြီး ချောင်းဆိုးတာပါ တွဲပါလာတတ်ပါတယ်။

ဒီလိုမျိုး လေပြွန်ရောင်ရမ်းရတဲ့ အဓိကအချက်က ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးကြောင့်ပါ။ ဘယ်လို လက္ခဏာတွေကြည့်ရင် လေပြွန်ရောင်တာ သိနိုင်မလဲ။

– ချောင်းဆိုးခြင်း

– ချွဲသလိပ်အဖြူ၊ အဝါ ဒါမှမဟုတ် အကြည်ရောင်ထွက်ခြင်း

– အသက်ရှူကျပ်ခြင်း

– မောပန်းခြင်း

– ဖျားခြင်း

– ရင်ခေါင်းထဲမှာ ချွဲထနေခြင်း

– အသက်ရှူသံ ရွှီရွှီမြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။

လေပြွန်ရောင်တာက ဆိုးရွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးက အဆုတ်ကို ကူးစက်တဲ့အခါ အဆုတ်ရောင်ရောဂါ (နမိုးနီးယားရောဂါ) ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ဆေးလိပ် သောက်သုံးသူတွေနဲ့ ခုခံအားနည်းသူတွေမှာဆို ပိုပြီးဖြစ်လွယ်ပါတယ်။

ဒါကြောင့် လေပြွန်ရောင်တဲ့အခါ ဆရာဝန်နဲ့ သွားပြသင့်တဲ့အချိန်က

– ၂ ပတ်ထက်ကျော်ပြီး ချောင်းဆိုးတဲ့အခါ

– အိပ်မရအောင် ချောင်းဆိုးတဲ့အခါ

– အဖျား ၁၀၀ ကျော်ဖြစ်တဲ့အခါ

– သလိပ် အရောင်ပြောင်းတဲ့အခါ

– အသက်ရှူရကျပ်တဲ့အခါ

– ချောင်းဆိုးပြီး ရင်ခေါင်းနာကျင်လာတဲ့အခါမျိုးမှာပါ။

လေပြွန်မရောင်အောင် ဘယ်လိုကာကွယ်မလဲ။

– ဆေးလိပ်ဖြတ်ပါ။

– အဖျားပျောက်စေမယ့် ပိုးသတ်ဆေးသောက်ပါ။

– နှာခေါင်းစည်းအုပ်ပါ။

ဒီအချက်လေးတွေသိထားပြီးလိုက်နာမယ်ဆိုရင်တော့ လေပြွန်ရောင်တာကင်းဝေးမှာပါ။

Ref: fabiosa.guru/7-common-symptoms-of-bronchitis-and-how-to-pre…

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top