HEINEKEN Myanmar မှ ဘီယာအသစ် BAWDAR ကို မိတ်ဆက်

IMG_9387-e1551984175213.jpg

HEINEKEN Myanmar မှ မြန်မာနိုင်ငံတွင် အထူးဖန်တီးချက်လုပ်ထားသည့် လာဂါအမျိုးအစား ဘီယာအသစ်ဖြစ်သော BAWDAR “ဘော်ဒါ” ကို ယနေ့တွင် စတင်မိတ်ဆက်လိုက်သည်။ ဘော်ဒါဟူသည့် မြန်မာစကားလုံး၏ အနက်အဓိပ္ပာယ်အတိုင်း BAWDAR သည် မိတ်ဆွေသူငယ်ချင်းများအကြား ခင်မင်ရင်းနှီးမှုကို အားပေးဂုဏ်ပြုသည့်ဘီယာဖြစ်ပါသည်။

“BAWDAR ဘီယာက စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုတွေနဲ့အတူ အဓိပ္ပာယ်ရှိတဲ့အချိန်လေးတွေကို တန်ဖိုးထားသူတွေအတွက် ဖြစ်ပါတယ်။  မြန်မာလူမျိုးတွေအတွက် ခင်မင် ရင်းနှီးမှုဆိုတာ စိတ်လက်ပေါ့ပါးမှု၊ ပျော်ရွှင်ကြည်နူးမှုတို့ရဲ့ ထာဝရအရင်းမြစ်အဖြစ် အမြဲရှိနေတယ်လို့ ကျွန်မတို့ ယုံကြည် ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေဆိုတာ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ပျော်ရွှင်ကြည်နှုးစရာ၊ ဝမ်းနည်းစရာသတင်းတွေကို မျှဝေခံစားပေးကြတဲ့သူတွေပါပဲ။ BAWDAR ဘီယာက နက်ရှိုင်းပြီး စစ်မှန်တဲ့ခင်မင်ရင်းနှီးမှုတွေကို အမှတ်ရနေစေမှာကြောင့် ဒီဘီယာကို မြန်မာလို ‘မိတ်ဆွေ’ ၊ ‘အပေါင်းအသင်း’ လို့ အဓိပ္ပာယ်ရတဲ့ BAWDAR ‘ဘော်ဒါ’ လို့ ဂုဏ်ယူစွာ အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်” ဟု HEINEKEN Myanmar ၏ အရောင်းမြှင့်တင်ရေး ဒါရိုက်တာ Pattapanee Ekahitanond (Kaitoon) က ဆိုသည်။

BAWDAR ၏ အမှတ်တံဆိပ်ကို ခြင်းလုံးကစားသမားများ ဝိုင်းဖွဲ့ကစားဟန်ဖြင့် ဂုဏ်ယူစွာပုံဖော်ထား

BAWDAR ဘီယာသည် မြန်မာဘာသာစကားလုံးကို ဂုဏ်ယူစွာ အသုံးပြုထားသည့် HEINEKEN Myanmar ၏ ပထမဆုံးဘီယာဖြစ်သည့်အပြင် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက်သာ အထူးသီးသန့် ဖန်တီးထုတ်လုပ်ထားသည့် အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါသည်။

အရည်အသွေး အမြင့်မားဆုံးဖြစ်သော ပါဝင်ပစ္စည်းများနှင့် ချက်လုပ်ထားသည့် BAWDAR ဘီယာက ညီညွတ်မျှတသော လာဂါအမျိူးအစားဘီယာဖြစ်ကာ နှစ်လိုဖွယ်ကောင်းပြီး လတ်ဆတ်မွှေးပျံ့သောအရသာကို ပေးစွမ်းနိုင်ပါသည်။ တီထွင်ဆန်းသစ်ထားသော ဒီဇိုင်းပုံစံ ရှိသည့် BAWDAR ၏ အမှတ်တံဆိပ်ကို ခြင်းလုံးကစားသမားများ ဝိုင်းဖွဲ့ကစားဟန်ဖြင့် ဂုဏ်ယူစွာပုံဖော်ထားခြင်း ဖြစ်ပါသည်။

BAWDAR ဘီယာထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင် ဆယ်စုနှစ်ပေါင်းများစွာ အကောင်းဆုံးသီချင်းများဖြင့် မိတ်ဆွေ သူငယ်ချင်းများအကြား ရေပန်းစားနေရာယူခဲ့သည့် နိုင်ငံကျော်ရော့ခ်အဆိုတော်ကြီးလေးဖြူကိုလည်း ၎င်း၏ Brand Ambassador အသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ပေးခဲ့ပါသည်။

လေးဖြူသည် BAWDAR ၏ အရောင်းမြှင့်တင်ရေးနှင့် ပရိုမိုးရှင်းအစီအစဉ်များတွင် အမှတ်တံဆိပ်၏ အဓိကအမှတ်အသားအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည့်အပြင် လေးဖြူနှင့်အတူ BAWDAR ဘီယာ စားသုံးသူများ၊ အနုပညာရှင်များနှင့် သူငယ်ချင်းများအတွက် အထူးသီးသန့်ပါတီပွဲကြီးကိုလည်း ဧပြီလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

BAWDAR ဘီယာကို 33cl သံဗူးများ၊ 60cl ပုလင်းများနှင့် စည်ဘီယာအမျိုးအစားများဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ BAWDAR ဘီယာပုလင်းသစ်ကို ဝယ်ယူပါက မြန်မာကျပ် သိန်း ၃၀၀ တန်ဖိုးရှိ အထူးဆုကြီး အပါအဝင် အခြားဆုမဲပေါင်းများစွာပါဝင်သည့် အဖုံးတွင်း ကံစမ်းမဲအစီအစဉ်တစ်ရပ်ကိုလည်း လုပ်ဆောင်ထားပါသည်။

BAWDAR Facebook Page (https://www.facebook.com/BawdarBeer/) ကို Follow လုပ်ထားသော စားသုံးသူများအနေဖြင့် ၂၀၁၉ ဧပြီလတွင် လေးဖြူနှင့် သူငယ်ချင်းများ၏ ဖျော်ဖြေတင်ဆက်မှုပါဝင်သည့် BAWDAR ဘီယာ၏အထူးသီးသန့်ပါတီပွဲသို့လည်း တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခံရမည့် အခွင့်အရေးများရရှိသွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top