နာပိုလီအသင်းက ကွင်းလယ်လူ အလန်ကို လုပ်ခလစာတစ်ဝက် ဒဏ်ရိုက်

yyl-010-10.jpg

စခန်းသွင်းလေ့ကျင့်မယ့် အစီအစဉ်ကို ငြင်းဆန်ခဲ့တဲ့အတွက် နာပိုလီအသင်းက ဘရာဇီးကွင်းလယ်လူ အလန်ကို လုပ်ခလစာရဲ့တစ်ဝက် ဒဏ်ရိုက်ခဲ့တယ်လို့ အီတလီမီဒီယာတစ်ခုက ဖော်ပြပါတယ်။ အခုလအစောပိုင်းက ဆဲလ်ဘတ်နဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ နာပိုလီအသင်း ကစားသမားတွေက အသင်းဥက္ကဋ္ဌ လော်ရန်တစ် စီစဉ်ညွှန်ကြားတဲ့ စခန်းသွင်းလေ့ကျင့်မှုကို မသွားနိုင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဆဲလ်ဘတ်နဲ့ပွဲအပြီးမှာ နာပိုလီဥက္ကဋ္ဌ လော်ရန်တစ်ရဲ့ သားဖြစ်သူ အီဒိုက ကစားသမားတွေကို စခန်းသွင်းလေ့ကျင့်ကြဖို့ အဝတ်လဲခန်းထဲ လာပြောပေမဲ့ နာပိုလီကစားသမားတွေကို လက်မခံခဲ့ဘဲ အိမ်ပြန်ခဲ့ကြပါတယ်။ အဲဒီအတွက် အသင်းတွင်း ပဋိပက္ခဖြစ်ပွားခဲ့ပြီး နာပိုလီအသင်းရဲ့ အစွန်းရောက်ပရိသတ်တစ်စုက အလန်ရဲ့နေအိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအတွက် အလန်တို့မိသားစုဟာ သူတို့အိမ်မှာ မနေရဲဘဲ ဟိုတယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ ဒီပြဿနာကြောင့် အလန်ကို ပေါင် ၁၇၁၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ နာပိုလီဟာ ပြီးခဲ့တဲ့စနေနေ့က အေစီမီလန်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး စီးရီးအေအမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top