လမ်းပတ်က အင်္ဂလန်အသင်းရဲ့ အနာဂတ်နည်းပြ ဖြစ်လာမယ်လို့ ကာပယ်လို ပြော

yyl-007-8.jpg

ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်တဲ့ရာသီမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ လမ်းပတ်ဟာ အနာဂတ်ကာလ အင်္ဂလန်အသင်းနည်းပြ ဖြစ်လာလိမ့်မယ်လို့ အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲ ကစားပြီးချိန်မှာ အဆင့်(၃)နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးထက် (၈)မှတ်နည်းနေပါတယ်။ လမ်းပတ်ဟာ အေဘရာဟမ်၊ မေဆင်မောင့်၊ တိုမိုရီ စတဲ့ လူငယ်ကစားသမားတွေကို အသုံးပြုခဲ့ပြီး ချဲလ်ဆီးကို သွေးသစ်လောင်းနေသူပါ။

” လမ်းပတ်က အင်္ဂလန်နည်းပြတာဝန် ထမ်းဆောင်နိုင်စွမ်းရှိပါတယ်။ သူက အရာရာတိုင်းကို နားလည်သဘောပေါက်တယ်။ နည်းပြဘဝကို အကြောက်အရွံ့မရှိ စတင်ခဲ့တယ်။ လူငယ်တွေကို ထည့်သုံးတယ်။ ကျွန်တော်ကတော့ သူ့ကို အားပေးပါတယ်။ သူ့အသင်းပွဲစဉ်တိုင်းကို ကြည့်တယ်။ ရာသီအစတုန်းကတော့ စိတ်ပျက်မိတယ်။ အဲဒီတုန်းက ချဲလ်ဆီးအသင်း ကောင်းကောင်းမကစားနိုင်လို့ ၂ ပွဲ ရှုံးခဲ့တယ်။ အခုတော့ ရလဒ်တွေ ကောင်းလာပါပြီ။ အသင်းရဲ့အဆင့်ကလည်း အရမ်းကောင်းတယ်။ ဒါတောင် အပြောင်းအရွှေ့စျေးကွက် ပိတ်ခံထားရတာပါ”လို့ ကာပယ်လိုက ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top