ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ မော်ရင်ဟိုကို ဖာဂူဆန် အကြံပေးခဲ့

photo4.jpg

မန်ယူအသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ ဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က အကြံပေးခဲ့ဖူးတယ်လို့ နည်းပြမော်ရင်ဟိုက ထုတ်ပြောခဲ့ပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ မန်ယူအသင်းမှာ ၂ နှစ်ခွဲကြာ နည်းပြခဲ့ပြီး ဖလား ၃ လုံး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ ဖာဂူဆန်က သူ့ကို တစ်ကြိမ်ပဲ အကြံပေးခဲ့ဖူးတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

” မန်ယူကို ၂ နှစ်ခွဲကြာ နည်းပြခဲ့ချိန်အတွင်း ကျွန်တော့်ကို ဖာဂူဆန်က တစ်ကြိမ်ပဲ အကြံပေးခဲ့ဖူးပါတယ်။ အဲဒါကတော့ ဒယ်လီအလီကို ခေါ်ဖို့ပါပဲ။ ဒါပေမဲ့ သူက လေ့ကျင့်ခန်းကောင်းကောင်းဆင်းတဲ့သူ မဟုတ်လို့ သူ့ကို စိတ်အားထက်သန်လာအောင် လုပ်ရမယ်လို့ သူက ပြောခဲ့တယ်”လို့ မော်ရင်ဟိုက ပြောပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းကို နည်းပြခဲ့ချိန်က ပေါ့ဘာ၊ ဆန်းချက်ဇ်၊ လူကာကူတို့အပါအဝင် ကစားသမား ၁၁ ယောက် ခေါ်ယူခဲ့ပေမဲ့ ဒယ်လီအလီကိုတော့ ခေါ်ယူခဲ့ခြင်းမရှိပါဘူး။ မော်ရင်ဟိုဟာ မန်ယူကနေ ထုတ်ပယ်ခံရပြီးချိန်မှာ စပါးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာ စပါးကို စရောက်တဲ့ ပထမဆုံးနေ့မှာပဲ ဒယ်လီအလီကို ခပ်ကြမ်းကြမ်း ပြောဆိုသွန်သင်ခဲ့ပြီး ဒယ်လီအလီကလည်း မော်ရင်ဟိုရဲ့လက်အောက်မှာ ခြေစွမ်းပိုမိုတောက်ပလာခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top