အာဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေကြောင့် သစ်ပင် ၁၂၀၀၀ စိုက်ပျိုးရမယ့် ဘယ်လာရင်

8-7-2020-yyl-044.jpg

‌နောက်ပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်အသင်း ရလဒ်ကောင်း ပိုင်ဆိုင်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်က သူပေးထားတဲ့ကတိအတိုင်း သစ်ပင်တွေ စိုက်ပျိုးပေးဖို့ စတင်လုပ်ဆောင်နေပါပြီ။ အာဆင်နယ်အသင်း နိုင်ပွဲတစ်ပွဲရတိုင်း သစ်ပင် ၃၀၀၀ စိုက်ပျိုးသွားမယ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်မစခင် ဘယ်လာရင်က ကတိပေးခဲ့ပါတယ်။ ဘယ်လာရင်ဟာ One Tree Planted ပရဟိတအဖွဲ့အစည်းနဲ့ပူးပေါင်းပြီး ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်အောင် ကူညီနေသူပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတဲ့ ပရီးမီးယားပြိုင်ပွဲ ပြန်စချိန်မှာ အာဆင်နယ်က မန်စီးတီးကို ၃-ဝ၊ ဘရိုက်တန်ကို ၂-၁ ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဇွန်လ ၂၅ ရက်မှာတော့ ဆောက်သမ်တန်ကို ၂ ဂိုးပြတ်အနိုင်ရခဲ့လို့ ဘယ်လာရင်က သူပေးထားတဲ့ကတိအတိုင်း သစ်ပင် ၃၀၀၀ စိုက်ပျိုးပေးဖို့ ပြင်ဆင်ခဲ့တာပါ။

” မျိုးစေ့တော့ ပျိုးပြီးသွားပြီ။ လာမယ့်နိုဝင်ဘာလကျရင် မိုးသစ်တောထဲမှာ ပျိုးပင်တွေ သွားစိုက်မှာပါ”လို့ ဘယ်လာရင်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့အပြင် ရှက်ဖီးယူနိုက်တက်၊ နောဝစ်ချ်၊ ဝုဗ်အသင်းတွေကို အနိုင်ရခဲ့ပါတယ်။ အဲဒီအတွက် ဘယ်လာရင်ဟာ စုစုပေါင်း အပင် ၁၂၀၀၀ စိုက်ပျိုးရမှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top