ရောမမာစတာပြိုင်ပွဲမှာ ဂျိုကိုဗစ်ကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ မြေစေးကွင်းဘုရင် ရာဖေးလ်နာဒယ်

60649227_2388554841175422_5709735175479361536_n.jpg

မြေစေးကွင်းဘုရင်လို့ တင်စားခံရတဲ့ ရာဖေးလ်နာဒယ်ကတော့ ရောမမာစတာပြိုင်ပွဲဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို ၆-ဝ၊ ၄-၆၊ ၆-၁ နဲ့ အနိုင်ယူပြီး ဒီရာသီအတွက် သူ့ရဲ့ပထမဆုံး ဆုဖလား ဆွတ်ခူးခဲ့ပါတယ်။ မြေစေးကွင်းရာသီအစမှာ လက်စွမ်းမပြနိုင်ခဲ့တဲ့ နာဒယ်ဟာ ဂျိုကိုဗစ်နဲ့ပွဲစဉ်မှာတော့ သူ့ရဲ့အကောင်းဆုံးလက်စွမ်းနီးပါး ပြသနိုင်ခဲ့ပါတယ်။

နှစ်နာရီကျော် ကြာမြင့်တဲ့ပွဲစဉ်ရဲ့ အဖွင့်ပွဲငယ်မှာ နာဒယ်က အားပြင်းတဲ့ရိုက်ချက်တွေနဲ့ ဂျိုကိုဗစ်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ နာဒယ်ဟာ ရောမမာစတာပြိုင်ပွဲမှာ (၉ )ကြိမ်မြောက် ဗိုလ်စွဲခဲ့တာဖြစ်ပြီး သူ့အတွက် ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံ ၈၁ ကြိမ်မြောက် အောင်ပွဲဖြစ်ပါတယ်။ ဒါ့အပြင် မာစတာပြိုင်ပွဲတွေမှာ (၃၄) ကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့လို့ ဂျိုကိုဗစ်ရဲ့မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top