ယူရိုပါလိဂ်ဗိုလ်လုပွဲကို အာဆင်နယ်ကွင်းလယ်လူ အမ်ခီတာရန် လိုက်ပါခွင့်မရ

60778056_2388554787842094_3329100765414293504_n.jpg

မေလ (၂၉) ရက်နေ့ကျရင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ချဲလ်ဆီးနဲ့ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကွင်းလယ်လူ အမ်ခီတာရန် လိုက်ပါခွင့်ရမှာမဟုတ်ဘူးလို့ အာဆင်နယ်က အတည်ပြုခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံက အာမေးနီးယားအသင်းခေါင်းဆောင် အမ်ခီတာရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းလိမ့်မယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ယူအီးအက်ဖ်အေဘက်က အာမခံချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီခရီးစဉ်မှာ အမ်ခီတာရန် လိုက်လာရင် ကျန်အသင်းသားတွေ ထိခိုက်နိုင်တယ်လို့ အာဆင်နယ်က ဆုံးဖြတ်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နာဂွာနို-ကာရာဘက်ဒေသအရေးကြောင့် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံကြား နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေတာပါ။ အာဆင်နယ်ဟာ မေလ (၂၉) ရက်နေ့ကျရင် ချဲလ်ဆီးအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာပါ။

”အခြေအနေအရပ်ရပ်ကို ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အဇာဘိုင်ဂျန်နိုင်ငံကို ထွက်ခွာမယ့်ကစားသမားစာရင်းမှာ ကျွန်တော့်ကိုမထည့်သွင်းဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့ရပါတယ်။ အဲဒီပွဲက ကျွန်တော်တို့လိုကစားသမားတွေ မကြာခဏ ကစားခွင့်ရတဲ့ပွဲစဉ်မျိုးမဟုတ်ပါဘူး။ ဒီပွဲကို ကစားခွင့်မရလို့ ထိခိုက်နာကျင်ရတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းဖော်တွေကို အားပေးသွားမှာပါ။ မိခင်ကလပ်ဆီကို ဆုဖလား သယ်ဆောင်လာနိုင်ပါစေ”လို့ အမ်ခီတာရန်က အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top