တစ်နှစ်တာအကောင်းဆုံး ပေါ်တူဂီကစားသမားဆုကို ၁၀ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒို

img3-9.jpg

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ တစ်နှစ်တာအကောင်းဆုံး ပေါ်တူဂီကစားသမားဆုကို ၁၀ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက ၂၀၀၇ ခုနှစ်ကစတင်ပြီး တစ်နှစ်တာအကောင်းဆုံး ပေါ်တူဂီကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ (၁၂)နှစ်အတွင်းမှာ ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုမရခဲ့တာ ၂ နှစ်ပဲရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဆီမာအိုက ဒီဆုကို ဆွတ်ခူးခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ နောက်ခံလူ ပီပီက ဆွတ်ခူးခဲ့ဖူးပါတယ်။ အဲဒီ ၂ ကြိမ်ကလွဲရင်တော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း တစ်နှစ်တာအကောင်းဆုံး ပေါ်တူဂီကစားသမားဆုကို ရော်နယ်ဒိုကို သိမ်းပိုက်ထားခဲ့တာပါ။

ရော်နယ်ဒိုဟာ အက်သလက်တီကိုလူငယ်ကြယ်ပွင့် ယာအိုဖီးလစ်၊
မန်စီးတီးတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗား၊ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၊ ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ်တို့ကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံး ပေါ်တူဂီကစားသမားဆု ဆွတ်ခူးခဲ့တာပါ။ ”လူမှုကွန်ရက်ကြောင့် ဒီနေ့ခေတ် ကမ္ဘာကြီးက အရမ်းမြန်ဆန်ပါတယ်။ တစ်ကိုယ်ရေစာ အတိုင်းအတာအတွက်တော့ တကယ့်ကို ရှုပ်ထွေးတဲ့နှစ်တစ်နှစ်ပါပဲ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို လဲကျအောင်လုပ်တာမျိုး
အဖြစ်မခံပါနဲ့။ ကျွန်တော့်အနေနဲ့ ဘာမှမတတ်နိုင်ပေမဲ့ စပို့တင်းလစ္စဘွန်းအသင်း(ရော်နယ်ဒိုရဲ့အသင်းဟောင်း)ဆုရဖို့ ထိုက်တန်တယ်လို့ ပြောပါရစေ။ နောက်တစ်ကြိမ် ထပ်မျှော်ရတာပေါ့”လို့ ရော်နယ်ဒိုက ဆုပေးပွဲအခမ်းအနားမှာ ပြောပါတယ်။ ရော်နယ်ဒိုဟာ စက်တင်ဘာလ ၂၃ ရက်မှာ ချီးမြှင့်မယ့် ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး မက်ဆီ၊ ဗန်ဒစ်ချ်တို့နဲ့ အပြိုင်ဖြစ်နေပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top