ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ အပြေးနှုန်းအမြန်ဆုံး စံချိန်တင်ခဲ့တဲ့ ဘိုင်ယန်ဆယ်ကျော်သက်

5-6-2020-yyl-025.jpg

ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်က ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် အပြေးနှုန်းအမြန်ဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကနေဒါကစားသမား အယ်ဖွန်ဆိုဒေးဗီးစ်ဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြန်စကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြနေသူပါ။ အယ်ဖွန်ဆိုဒေးဗီးစ်ဟာ မေလ ၂၆ ရက်က ဒေါ့မွန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လိုက်မမီနိုင်ဘူးလို့ ထင်မှတ်ရတဲ့ အကွာအဝေးကနေ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနောက်ကို ပြေးလိုက်ပြီး ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားခဲ့လို့ သူ့ရဲ့ပြေးအားအကြောင်း လူပြောများခဲ့ပါတယ်။

အင်တာမီလန်တိုက်စစ်မှူး လူကာကူနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်တို့တောင် လူမှုကွန်ရက်ပေါ်မှာ ဒီအကြောင်း ရေးသားခဲ့ကြပါတယ်။ အယ်ဖွန်ဆိုဒေးဗီးစ်ဟာ ဝါဒါဘရီမင်ကို အနိုင်ရခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ တစ်နာရီ ၂၂.၆၉ မိုင်နှုန်းနဲ့ တစ်ကြိမ်ပြေးခဲ့ပြီး အဲဒီပြေးအားနှုန်းဟာ Opta ဒေတာတွေကို စတင်ကောက်ယူတဲ့ ၂၀၁၃-၂၀၁၄ ရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲနောက်ပိုင်း အမြန်ဆုံးစံချိန်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ဘိုင်ယန်မြူးနစ်မှာ စတင်ရောက်ရှိလာခဲ့တဲ့ အယ်ဖွန်ဆိုဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်အတွက် စုစုပေါင်းပွဲစဉ် ၄၂ ပွဲ ကစားခဲ့ပြီး ဒီရာသီမှာ ၃ ဂိုးသွင်းယူထားသူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top