ကစားသမားစုဖွဲ့မှုတန်ဖိုး ယူရိုတစ်ဘီလျံရှိတဲ့ ပထမဆုံး ဘောလုံးအသင်း သို့မဟုတ် မန်စီးတီး

yyl11919010.jpg

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကတော့ ဘောလုံးသမိုင်းတစ်လျှောက်မှာ ယူရိုတစ်ဘီလျံတန် ကစားသမားစာရင်းရှိတဲ့ ပထမဆုံး ဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ရိုဒရီနဲ့ ညာနောက်ခံလူ ကန်ဆယ်လိုတို့ကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်းရဲ့ လက်ရှိကစားသမားစာရင်း တန်ဖိုးက ယူရို ၁.၀၁၄ ဘီလျံ ရှိနေပါတယ်။

ဒီဘရိုင်း(ပေါင် ၆၈.၃ သန်း)၊ ရိုဒရီ(ပေါင် ၆၃ သန်း)၊ မာရက်ဇ်(ပေါင် ၆၁ သန်း)၊ ကန်ဆယ်လို(ပေါင် ၅၈.၄ သန်း)၊ လာပေါ်တီ(ပေါင် ၅၈.၄ သန်း)တို့ကတော့ မန်စီးတီးအသင်းရဲ့ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား(၅)ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ငွေကြေးအများအပြား သုံးစွဲခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ လီဂူး-၁ ကလပ် ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ယူရိုတစ်ဘီလျံတန် ကစားသမားစာရင်း ပိုင်ဆိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့တာပါ။ နေမာ(ပေါင် ၁၉၉ သန်း)၊ အမ်ဘာပေ(ပေါင် ၁၂၁ သန်း)၊ ကာဗာနီ(ပေါင် ၅၈ သန်း) စတဲ့ ကစားသမားတွေကို ခေါ်ယူထားတဲ့ ပီအက်စ်ဂျီအသင်း ကစားသမားစုဖွဲ့မှုတန်ဖိုးကတော့ ယူရို ၉၁၃ သန်း ရှိပါတယ်။

CIES Football Observatory က ဖော်ပြတဲ့ စာရင်းမှာ ရီးရဲလ်အသင်းက ယူရို ၉၀၂ သန်းနဲ့ အဆင့်(၃)နေရာ ရပ်တည်နေပြီး ဘာစီလိုနာအသင်းကတော့ ယူရို ၆၉၇ သန်း ရှိပါတယ်။ မန်ယူအသင်းကတော့ ယူရို ၇၅၁ သန်းနဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top