နယူးကာဆယ်နည်းပြဖြစ်လာဖို့ရေပန်းစားနေတဲ့ မော်ရင်ဟို

65374409_2447714435259462_8743546687206719488_n.jpg

ဘင်နီတက်ဇ် ထွက်ခွာသွားလို့ နည်းပြလက်မဲ့ဖြစ်နေတဲ့နယူးကာဆယ်အသင်းက မန်ယူနည်းပြဟောင်း မော်ရင်ဟိုကိုခေါ်ယူမယ်လို့ သတင်းထွက်နေပါတယ်။ ၂၀၁၆ ခုနှစ် မတ်လက နယူးကာဆယ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဘင်နီတက်ဇ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လ (၃၀) ရက်နေ့ကျရင် နယူးကာဆယ်ကနေ ထွက်ခွာတော့မှာပါ။ ဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်ကို တန်းဆင်းဇုန်ထဲကနေရုန်းထွက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီး အဆင့် (၁၃) နေရာနဲ့ ရာသီသိမ်းအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

နယူးကာဆယ်အသင်းက သူတောင်းဆိုတဲ့ ဘတ်ဂျက်ငွေ ချပေးဖို့ငြင်းဆန်ခဲ့ပြီးနောက်မှာ ဘင်နီတက်ဇ်က အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။ အဲဒီနောက်မှာ အသင်းပရိသတ်တွေက အသင်းပိုင်ရှင် မိုက်အက်ရှ်လေကို ဆန္ဒပြခဲ့ကြပါတယ်။ နယူးကာဆယ်အသင်း နည်းပြသစ်ဖြစ်လာဖွယ်ရှိသူတွေထဲမှာ မော်ရင်ဟိုက ၃ လေး၊ ၁ လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး လက်စတာနည်းပြရေနီယာရီက ဒုတိယရေပန်းအစားဆုံး ဖြစ်နေပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ မန်ယူကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။ နယူးကာဆယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ ရှိ၊ မရှိ မေးမြန်းရာမှာ မော်ရင်ဟိုက နည်းပြလုပ်ချင်တယ်လို့ပြောခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top