ဘောလုံးပရိသတ်များ အစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ဗန်ဒိုက်ဂျ် ဆွတ်ခူး

yyl-002-9.jpg

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဂျ်ဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ကျော်ဖြတ်ပြီး ဘောလုံးပရိသတ်များ အစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပါတယ်။ ဘောလုံးပရိသတ်များ အစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ လီဗာပူးတောင်ပံကစားသမား မာနေး၊ စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်၊ လက်စတာတိုက်စစ်မှူး ဗာဒီ၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့ ပါဝင်ခဲ့ပါတယ်။ ဆုရွေးချယ်မှုတွေက ပရိသတ်တွေက မဲပေးမှု ၃၄၀,၀၀၀ ကျော်လုပ်ခဲ့ပါတယ်။

”ဒီဆုရလို့ အရမ်းကျေနပ်ပါတယ်။ ဒီဆုက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ကျွန်တော့်ကို မဲပေးခဲ့တဲ့ အယောက်စီတိုင်းနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဗန်ဒိုက်ဂျ်က ဆိုပါတယ်။ ဗန်ဒိုက်ဂျ်ဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ဒီဆုဆွတ်ခူးနိုင်တဲ့ စတုတ္ထမြောက် လီဗာပူးကစားသမား(ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဆာလာတို့ ဆွတ်ခူးခဲ့ဖူး) ဖြစ်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top