နေကြတ်ခြင်းကို မျက်မှန်မတပ်ဘဲ တိုက်ရိုက်ကြည့်ရှုခဲ့တဲ့အတွက် ဝေဖန်ခံနေရတဲ့ အမေရိကသမ္မတ ထရမ့်

3500-e1551100291886.jpg

အမေရိကန်သမ္မတထရမ့်ဟာ နေကြတ်ခြင်းကို မျက်လုံးနဲ့ တိုက်ရိုက်မကြည့်ရှုရန် ကျန်းမာရေးအဖွဲ့များမှ သတိပေးထားလျက်နဲ့ မျက်မှန်မတပ်ဘဲ ကြည့်ရှုခဲ့တဲ့အတွက် အင်တာနက် အသုံးပြုသူများက သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။ နေကြတ်ခြင်းကို အကာအကွယ်မျက်မှန် မပါဘဲ တိုက်ရိုက်ကြည့်ရှုခြင်းက မျက်လုံးကို ပြင်းထန်စွာ ပျက်စီးစေနိုင်ပေမဲ့ ထရမ့်ကတော့ နေကြတ်တာကို တိုက်ရိုက်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သမ္မတကတော်ဖြစ်သူ မီလာနီယာထရမ့်၊ သားဖြစ်သူ ဘာရွန်တို့နဲ့အတူ အိမ်ဖြူတော်ရဲ့ လသာဆောင်မှ နေကြတ်တာကို ကြည့်ခဲ့တာဖြစ်ပြီး မျက်မှန်မတပ်ရသေးဘဲ နေကြတ်တာကို ကြည့်ရှုခဲ့တဲ့ အခါမှာ သူ့ရဲ့လက်ထောက်ဖြစ်သူက မကြည့်ရှုရန်ပြောဆိုပြီး နေကာမျက်မှန်ပေးခဲ့ရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ထရမ့်ဟာ မျက်မှန်တပ်ပြီး နေကြတ်ခြင်းကို ကြည့်ရှုခဲ့ပါတယ်။

နေစကြတ်ခြင်းကို အမေရိကန်အနောက်မြောက်ဘက်ပိုင်းရှိ အော်ရီဂွန် (Oregon) ပြည်နယ်မှ ပစိဖိတ်စံတော်ချိန် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်မြင်ခဲ့ရပြီး  အမေရိကန် အရှေ့တောင်ဘက်ပိုင်းရှိ တောင်ကယ်ရိုလိုင်းနား (South Carolina)မှာတော့ အရှေ့ဒေသစံတော်ချိန် ၂ နာရီ ၄၉ မိနစ်မှာ နေကြတ်ခြင်းရဲ့နောက်ဆုံးအချိန်ကို မြင်တွေ့ခဲ့ရပါတယ်။

နေကြတ်ခြင်းကို အမေရိကန်ပြည်နယ်တွေဖြစ်တဲ့ အိုင်ဒေဟို၊ မွန်တာနာ၊ ဝိုးမင်း၊ နီဘရာစကာ၊ မစ်ဆူရီ၊ ကင်တပ်ကီ၊ တင်နက်ဆီ၊ ကန်းဆတ်စ်၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုးလိုင်းနားနဲ့ အိုင်အိုဝါပြည်နယ်တို့ကလည်း မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ်တစ်ခေါက်နေကြတ်ခြင်းဟာ ၂၀၁၉ ဇူလိုင် လ ၂ ရက်နေ့မှာ ထပ်မံဖြစ်ပေါ်မှာ ဖြစ်ပြီး လရဲ့အရိပ်ဟာ ပစိဖိတ်သမုဒ္ဒရာရာတောင်ဘက်ခြမ်းနဲ့ တောင်အမေရိကတိုက်ဘက်ကို ကျရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကနေမြင်ရမယ့် နေကြတ်ခြင်းကတော့ ၂၀၂၄ ဧပြီလ ၈ ရက်နေ့မှ ထပ်မံမြင်ရမှာ ဖြစ်ပါတယ်။

Ref : Independent News :  ‘Not too bright’: Trump trolled for staring at the eclipse with no eye protection

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top