ကိုယ့်အိမ်တွင်းက သစ်ပင်တောင် ခုတ်ခွင့်မရှိတဲ့ နိုင်ငံ

cannot-cut-tree.gif

အမေရိကန်ပြည်ထောင်စုရဲ့ လှပသော မြို့အချို့ကို စာရေးသူ ရောက်ခဲ့ ပါတယ်။ Seattle, Salt Lake တို့ကဲ့သို့ မြို့များ ဖြစ်ပါတယ်။ သူတို့မှာ ထူးခြားတဲ့ ဥပဒေ တစ်ခု တွေ့ခဲ့ပါတယ်။ ယင်းဟာ မိမိရဲ့ ခြံဝိုင်းတွင်းက သစ်ပင်တောင် ခုတ်ခွင့်မရှိတဲ့ ဥပဒေ ဖြစ်ပါတယ်။ အကယ်၍ ခုတ်ချင်တယ်ဆိုရင်တောင် သက်သေ အကြောင်းပြချက်နဲ့တကွ ဒေသခံ အာဏာပိုင်ကို သွားရောက်ခွင့်တောင်းပြီးမှ ခုတ်ရပါတယ်။

အကယ်၍ ခွင့်မပြုရင် မခုတ်ရပါဘူး။ အကယ်၍ ခွင့်မပြုပဲ ခုတ်ရင် ဒဏ်ငွေအပြင် အခြားသော ပြစ်ဒဏ်များလည်း ခံစားရရှိမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ယင်းမြို့များတင်မဟုတ်ပဲ အခြားသော မြို့တွေမှာလည်း စည်းကမ်း သတ်မှတ်ချက်များစွာ ရှိပါတယ်။ မြေဧရိယာ ကျယ်ပြောတဲ့ အမေရိကန်ဟာ ရေမြေ သဘာဝကို အင်မတန် ထိန်းသိမ်းပါတယ်။ ဒါကြောင့်မို့ မြို့တွေဟာ နေလို့ကောင်းပြီး လေထုသန့်ရှင်းပါတယ်။ အေးချမ်းပါတယ်။ သစ်ပင်ကို ချစ်ကြပါတယ်။

ချမ်းသာတဲ့သူတွေနေတဲ့ ရပ်ကွက်ဆိုရင် အဝေးက ကြည့်တဲ့အခါ အိမ်တောင် မမြင်ရပါဘူး။ အကြောင်းကတော့ သစ်ပင်များနဲ့ ဖုံးနေလို့ ဖြစ်ပါတယ်။ ဈေးသက်သာတဲ့ အိမ်များကို သွားကြည့်ရင် သစ်ပင်များ မရှိပါဘူး။ ဘီလ်ဂိတ်ရဲ့ အိမ်ဆိုရင် တံတားကနေ လှမ်းကြည့်တဲ့အခါ မြင်တောင် မမြင်ရပါဘူး။ သစ်ပင်များဖြင့် ဖုံးနေလို့ ဖြစ်ပါတယ်။

သစ်ပင်အပြင် သဘာဝ အတိုင်း ဖြစ်တည်နေတဲ့ ပတ်ဝန်းကျင်ကို သဘာဝအတိုင်း ထိန်းသိမ်း ချစ်မြတ်နိုးတတ်တဲ့ သူတို့ရဲ့ အလေ့အထကို မြင်တွေ့ခဲ့ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top