Blue Frog Company Limited ရဲ့ AR နည်းပညာသုံးတိုင်းရင်းသားဘာသာစကား သင်ကြားရေးအစီအစဉ်စာအုပ်နဲ့ အက်ပလီကေးရှင်းမိတ်ဆက်ပွဲအခမ်းအနား

1-2.jpg

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ရဲ့ အရွေးချယ်ခံအသင်း (၃) သင်းထဲက တစ်သင်းဖြစ်တဲ့ Blue Frog Company Limited ရဲ့ AR နည်းပညာသုံး တိုင်းရင်းသားဘာသာ စကား သင်ကြားရေးအစီအစဉ် စာအုပ်နဲ့ အက်ပလီကေးရှင်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် က MICT Park အဆောင် (၁၄) မှာရှိတဲ့ Kanaung Hub Incubation Centerမှာ မေလ (၂၂) ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

LEL AR book ဆိုတာက စာအုပ်နဲ့ AR နည်းပညာကို ပေါင်းစပ်ထားတဲ့ product တစ်ခုဖြစ်ပါတယ်။ LEL AR book မှာ အသံဖိုင်တွေကိုနားထောင်နိုင်တာ၊ ရုပ်ကြွများကြည့်ရှုနိုင်တာ၊ သင်ကြားရေးဂိမ်းတွေဆော့နိုင်တာ အစရှိတဲ့ လုပ်ဆောင်မှုတွေ ပါရှိပါတယ်။ လက်ရှိ ကရင်ဘာသာစကားကိုလေ့လာနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အခြားတိုင်းရင်းသားဘာသာစကားတွေကို ထပ်မံ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခုအစီအစဉ်မှာ ပါဝင်တဲ့ အက်ပလီကေးရှင်းနဲ့ စာအုပ်တွေကို လာမယ့် မေလ (၂၅) ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး Blue Frog Company Limited ရဲ့ အောက်ပါနံပါတ်တွေဖြစ်တဲ့ ၀၉-၇၃၀၈၆၇၅၂ ၊ ၀၉- ၉၇၅၈၀၆၄၇၁ နဲ့ https://www.facebook.com/blue.frog.studio က တစ်ဆင့် တိုက်ရိုက် မှာယူလို့ရတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top