နေခြည်ဦး၊ ဝင်းမင်းသန်း၊ Jay Baas၊ မင်းသွေးခန့်တို့နှင့်အတူ Lux Botanicals ရေချိုးဆပ်ပြာရည်အမျိုးစားသစ်တွေကို အွန်လိုင်းကတဆင့် တိုက်ရိုက်ထုတ်လွှင့်မိတ်ဆက်ခဲ့

NCO_4.jpg

ကမ္ဘာ့နံပါတ် (၁) ရေချိုးဆပ်ပြာရည် အမှတ်တံဆိပ် LUX က LUX Botanicals ရေချိုးဆပ်ပြာရည် အမျိုးစားအသစ် ၂ မျိုးကို မြန်မာနိုင်ငံရဲ့ ထိပ်တန်း beauty blogger/သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နေခြည်ဦး၊ ဝင်းမင်းသန်းနဲ့ ပြည်သူချစ်အနုပညာရှင် Jay Baas၊ မင်းသွေးခန့် တို့က online video call အသွင်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Lux Botanicals အဆင့်မြင့် ရေချိုးဆပ်ပြာရည်ကို ခေတ်မှီမြန်မာအမျိုးသမီးတွေအတွက် တမူထူးခြားတဲ့ သဘာဝပန်းတို့ရဲ့မွှေးရနံ့တွေ၊ ကော်လာဂျင်နဲ့ Rosehip လို အဖိုးတန်အဆီအနှစ်တွေနဲ့ငယ်ရွယ်နုပျိုပြီး စိုပြေလှပတဲ့ အသားအရေရရှိစေဖို့ Paraben နဲ့ ဆိုးဆေးတွေ သုံးစွဲထားခြင်းမရှိဘဲ ၁၀၀ ရာခိုင်နှုန်း သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။

LUX ရေချိုးဆပ်ပြာရည်တွေမှာ ထူးကဲသင်းပျံ့သော မွှေးရနံ့၊ ပန်းအဆီအနှစ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားပြီး နူးညံ့လှပစိုပြေတဲ့ အသားအရေကို ပေးစွမ်းတာကြောင့် မြန်မာနိုင်ငံဈေးကွက်မှာလည်း လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Lux Botanicals ရေချိုးဆပ်ပြာရည်တွေကိုလည်း ရှားပါးနွယ်ဝင်ပန်းတွေနဲ့ ပန်းပေါင်းစုံတွေရဲ့အဆီအနှစ်တွေ ပေါင်းစပ်ကာ ဒီဇိုင်းအသွင် ပိုမိုဆန်းသစ်စွာနဲ့ ထုတ်လုပ်လိုက်တာဖြစ်ပြီး Lux Botanicals Youthful Skin နဲ့ Lux Botanicals Skin Rebalance စတဲ့ အမျိုးအစားနှစ်မျိုးနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ပထမဦးစွာ မိတ်ဆက်ခဲ့တဲ့ Lux Botanicals Youthful Skin က သလဲသီးရဲ့ ရနံနဲ့ အသားအရေအတွက် တန်ဖိုးအထားရဆုံး ကော်လာဂျင်တိုနဲ့ ဖော်စပ်ထားတဲ့အတွက် အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေပြီး ငယ်ရွယ်နုပျို အရွယ်တင်စေပါတယ်။

နောက်တစ်မျိုးဖြစ်တဲ့ Lux Botanicals Skin Rebalance က ဆွဲဆောင်မှုအားကောင်းတဲ့ ကြက်တူရွေးပန်းရဲ့ရနံ့နဲ့ Rosehip အဆီအနှစ်တို့ကို ဖော်စပ်ပြုလုပ်ထားတာကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးပြီး အသားအရေကို စိုပြေလှပစေပါတယ်။
အွန်လိုင်းမိတ်ဆက်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ညွှန်ကြားထားတဲ့အတိုင်း stay at home ကို လိုက်နာတဲ့အနေနဲ့ အနုပညာရှင်တွေရဲ့နေအိမ်တွေမှာသာ သီးခြားနေပြီး အွန်လိုင်းဗွီဒီယို ဖုန်းခေါ်ဆိုမှုဖြင့် ထူးခြားစွာ မိတ်ဆက်ကျင်းပခဲ့တာဖြစ်ပါတယ်။

LUX Botanicals အမျိုးအစားအသစ်တွေရဲ့အွန်လိုင်းမိတ်ဆက်ပွဲကို ထိပ်တန်းအနုပညာရှင် ၂ ဦးဖြစ်သူ နေခြည်ဦး၊ ဝင်းမင်းသန်းတို့နဲ့အတူ အခမ်းအနားမှူး ထရီဇာခိုင်တို့က COVID-19 ကာလနောက်ပိုင်း အလှအပရေးရာကဏ္ဍပြောင်းလဲမှု၊ ကပ်ရောဂါကြီးကြောင့် လူနေမှုစတိုင်နှင့် အလှအပထိန်းသိမ်းမှုဆိုင်ရာ အလေ့အကျင့်များအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို ပျော်ရွှင်စရာကောင်းတဲ့ စကားဝိုင်းလေးနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် နေခြည်ဦးနဲ့ဝင်းမင်းသန်းတို့က ပရိသတ်တွေကို Surprise ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ကာ ကံကောင်းတဲ့ ပရိသတ်တွေကို အသစ်ထွက်ရှိထားသော ရေချိုးဆပ်ပြာရည်တွေအကြောင်းအသေးစိပ် မျှဝေခဲ့ပြီး ပရိသတ်တွေအတွက် လက်ဆောင်ခြင်းတွေကို ပြုလုပ်ကာပေးခဲ့ပါတယ်။ အဲဒီနောက် ပြည်သူချစ် သရုပ်ဆောင် Jay Baas နဲ့ မင်းသွေးခန့်တို့က အထူးဧည့်သည်အဖြစ် ရောက်ရှိလာပြီး နေခြည်ဦး ဝင်းမင်းသန်းတိုနဲ့အတူ Vogue Challenge ဂိမ်းနဲ့ Charades ဂိမ်းတွေဆော့ကစားပြီး ပွဲရဲ့အရှိန်ကို မြင့်တက်စေခဲ့ပါတယ်။ အဲဒီနောက် တင်ဆက်သူကြယ်ပွင့်တွေက အွန်လိုင်းမိတ်ဆက်ပွဲကို ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကို ဆုမွန်ကောင်းတောင်းပေးရင်း LUX Botanicalsရဲ့အမျိုးအစားသစ်တွေကို အသုံးပြုကာ ဘဝမှာ အကောင်းဆုံးအရာတွေကို ယုံကြည်ချက်ရှိရှိဖြင့် ရဲရင့်စွာ ဖမ်းဆုပ်နိုင်ကြစေရန် အားပေးခြင်းနဲ့ virtual အွန်လိုင်းမိတ်ဆက်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

LUX Botanicals ခေါင်းစဉ်အောက်မှာ အခုလက်ရှိ စုစုပေါင်းအမျိုးအစားလေးမျိုးရှိပြီဖြစ်ပါတယ်။ အဲဒါတွေကတော့ Skin Detox၊ Glowing Skin၊ Youthful Skin နဲ့ Skin Rebalance တို့ဖြစ်ပါတယ်။ LUX Botanicals အမျိုးအစားတွေက ၄၅၀ မီလီဘူးကြီးတွေနဲ့လာပြီး အွန်လိုင်းမှာသာမက မြန်မာနိုင်ငံက နီးစပ်ရာ Supermarkets, စတိုးဆိုင်တွေ၊ ဈေးတွေမှာလည်း ဝယ်ယူရရှိနိုင်ပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top