တစ်သင်းလုံးစာအတွက် ဘောလုံးကန်ဖိနပ်တွေ လှူဒါန်းခဲ့တဲ့ ရော်နယ်ဒို

yyl-30-007.jpg

အလှူအတန်းအရက်ရောဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပေါ်တူဂီ ယူ-၁၇ အမျိုးသမီးအသင်း တစ်သင်းလုံးအတွက် ဘောလုံးကန်ဖိနပ်တွေ ပေးပို့ပြီး သူ့ရဲ့စိတ်ကောင်းစေတနာရှိမှုကို ပြသခဲ့ပါတယ်။ ပေါ်တူဂီ ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ လတ်ဗီးယားကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ Elite Round ( အုပ်စုအဆင့်မတိုင်ခင် တစ်ဆင့်အလို ) တက်ရောက်ခဲ့ပါတယ်။ ရော်နယ်ဒိုက ဒီအသင်းအတွက် ဘောလုံးကန်ဖိနပ်တွေ လှူဒါန်းခဲ့သလို သူ့ဘဝနဲ့ နှိုင်းယှဉ်ပြီး အားပေးတဲ့ စာတစ်စောင်လည်း ထည့်ပေးခဲ့ပါတယ်။

မင်းတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ပြီး Mercurial Dream Speed ဖိနပ်တွေ ပို့ပေးလိုက်ပါတယ်။ ကျွန်တာ် ကလေးဘဝတုန်းက ရိုးရိုးရှင်းရှင်း နေပေမဲ့ အရမ်းစွဲလန်းမိတဲ့ အိပ်မက်တစ်ခုရှိပါတယ်။ အိပ်ပျော်နေတုန်း မက်တဲ့ အိပ်မက်ကို ပြောတာမဟုတ်ပါဘူး။ အရမ်းဖြစ်ချင်ဇောများလို့ ညဘက်မှာတောင် မအိပ်နိုင်တဲ့ အိပ်မက်မျိုးကို ပြောတာပါ။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ကျွန်တော့်အိပ်မက်အတွက် ဘဝတစ်ခုလုံးကို နှစ်မြှုပ်ထားတယ်။ ကိုယ်လက်လေ့ကျင့်ရေးခန်းမနဲ့ လေ့ကျင့်ရေးကွင်းမှာပေါ့။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာစေမယ့် အရာတိုင်းကို လုပ်တယ်။ အိပ်မက်တစ်ခုရှိဖို့ အရမ်းအရေးကြီးတယ်။

အဲဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားအားထုတ်ဖို့ ပိုအရေးကြီးပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ။ မင်းတို့လည်း မင်းတို့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေလို့ ငါ မျှော်လင့်တယ်။ တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ အိပ်မက်တွေနောက်လိုက်ပါ။ ကျွန်တော်တောင် လုပ်နိုင်သေးရင် မင်းတို့လည်း လုပ်နိုင်မှာပါ။ Elite round ကို တက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ အာရုံစိုက်ပြီး နောက်ထပ်အောင်ပွဲကို မလွတ်တမ်းစောင့်ကြည့်နေပါ”လို့ ရော်နယ်ဒိုက ရေးသားထားပါတယ်။ ကလပ်အသင်းအဆင့်မှာ ဆုဖလားတိုင်းနီးပါး ရရှိခဲ့ဖူးပြီး Ballon d’Or ဆု (၅)ကြိမ် ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ယူရို-၂၀၁၆ ပြိုင်ပွဲ၊ Nations League ပြိုင်ပွဲတွေမှာ ပေါ်တူဂီနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top