ယူအက်စ်အိုးပင်းမှာ လက်ရှိချန်ပီယံ နာဒယ်နဲ့ ဖက်ဒါရာ ပါဝင်မှာမဟုတ်

30-7-2020-yyl-013.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို မထိန်းချုပ်နိုင်သေးတဲ့အတွက် အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်က ပြောပါတယ်။ ” ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ မြင့်တက်နေပြီး ကမ္ဘာတစ်လွှားမှာ ကျန်းမာရေးအခြေအနေ အရမ်းရှုပ်ထွေးနေပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုး မချချင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ နှလုံးသားရဲ့ စေရာနောက် လိုက်ခဲ့ရပါတယ်။ ကျွန်တော် ခရီးမသွားချင်လို့ပါ ”လို့ ကမ္ဘာ့အဆင့်(၂) စပိန်တင်းနစ်သမား နာဒယ်က ပြောပါတယ်။

ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ သြဂုတ်လ ၃၁ ရက်ကျရင် နယူးယော့ခ်မြို့မှာ ကျင်းပမှာပါ။ နာဒယ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အသက်(၃၈)နှစ်အရွယ် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာကလည်း ဒူးဒဏ်ရာ ခွဲစိတ်မှုကနေ နလန်ထခါစဖြစ်လို့ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ ယူအက်စ်အိုးပင်းပြိုင်ပွဲဝင်မယ့် အမျိုးသားတင်းနစ်သမားစာရင်းမှာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်၊ အမျိုးသမီးစာရင်းမှာ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံတို့က ဦးဆောင်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top