ခါးပတ်သော့ပျောက်သွားလို့ မီးသတ်ဌာနမှာ အကူအညီတောင်းခဲ့ရတဲ့ အမျိုးသမီး

lady.gif

အီတလီနိုင်ငံက အမျိုးသမီး တစ်ဦးဟာ ခန္ဓာကိုယ်အောက်ပိုင်း လုံခြုံမှုရှိစေဖို့ ဝတ်ဆင်တဲ့ အကာအကွယ် ခါးပတ်သော့ပျောက်သွားတာကြောင့် မီးသတ်ဌာနမှာ အကူအညီ တောင်းခဲ့တယ်လို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။

ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အီတလီနိုင်ငံ ပါဒူအာမြို့က မီးသတ်ဌာနကို ရောက်လာခဲ့ပြီး သော့ဖွင့်မရလို့ အကူအညီ တောင်းချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီလိုပြောချိန်မှာ မီးသတ်သမားက ဒီအမျိုးသမီးအနေနဲ့ အိမ်ထဲမှာ သော့ကျန်ခဲ့တာကို သတိမထားမိဘဲ အပြင်ဘက်ကနေ သော့ပိတ်မိလို့ အိမ်ထဲပြန်ဝင်ဖို့ အခက်တွေ့နေတယ်လို့ ထင်မှတ်ခဲ့ပါတယ်။

အဲဒီအတွက် မီးသတ်သမားက အိမ်တံခါးသော့ ဖျက်ပေးဖို့ အိမ်လိပ်စာနဲ့ လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်းရာမှာ အမျိုးသမီးက သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်း အဝတ်အစားကို လှန်ပြပြီး အကာအကွယ်ခါးပတ် သော့ပျောက်သွားတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
”ကျွန်မရဲ့ အကာအကွယ်ခါးပတ်သော့ ပျောက်သွားတယ်။ ဒါကို ကျွန်မ ဖွင့်လို့မရတော့ဘူး” ဟု အမျိုးသမီးက ပြောချိန်မှာ မီးသတ်ဌာနက မီးသတ်သမားအားလုံး မှင်သက်သွားခဲ့ကြပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်း အကာအကွယ်ခါးပတ်က သံနဲ့လုပ်ထားတဲ့ ပစ္စည်းပါ။ ဒါပေမဲ့ မီးသတ်သမားက အဲဒီပစ္စည်းကို အချိန်တိုအတွင်း ချိုးဖြတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာ အဲဒီအမျိုးသမီးကို တစ်ယောက်ယောက်က ခန္ဓာကိုယ်အောက်ပိုင်း အကာအကွယ် ခါးပတ် အတင်းအကျပ် ဝတ်ခိုင်းထားတာလား (ဒါမှမဟုတ်) ကိုယ့်သဘောနဲ့ ကိုယ် ဝတ်ခဲ့တာလားဆိုတာကို မေးမြန်းခဲ့ပါတယ်။

ဒီအမျိုးသမီးက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမခံရအောင် ကိုယ့်သဘောနဲ့ကိုယ် အကာအကွယ်ခါးပတ် ဝတ်ခဲ့တာလို့ ပြောပါတယ်။ ဒီအမျိုးသမီးဟာ အီတလီနိုင်ငံရဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ ဥပဒေအရ အမည်မဖော်ခဲ့ဘူးလို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top