အိမ်နီးနားချင်းတွေကို အပတ်တိုင်း မုန့်ဖုတ်ကျွေးလေ့ရှိတဲ့ အသက် ၉၄ နှစ်အရွယ် အဘွား

10.2.2023-yyl-image-15.jpg

ဟဲလဖက်မြို့က အဘွားတစ်ယောက်ကဆိုရင် အသက် ၉၄ နှစ်ရှိနေပြီဖြစ်ပေမဲ့ အိမ်နီးနားချင်းတွေကို လတ်လတ်ဆတ်ဆတ်အိမ်လုပ်မုန့်တွေ လုပ်ကျွေးဖို့ ပင်ပန်းတယ်လို့ မရှိပါဘူး။ ဝင်နီဖရက်တ် ဘိုဒန်လို့ အမည်ရတဲ့ အဲဒီအဘွားက အိမ်နီးနားချင်းတွေကို နှစ်တော်တော်ကြာကြာ မုန့်ဖုတ်ကျွေးလာခဲ့တာပါ။ သံပုရာပေါင်မုန့်၊ မြေပဲထောပတ်ကွတ်ကီးတွေနဲ့ ဘလူးဘယ်ရီပေါင်မုန့်ဝိုင်းတွေကို သူ့ရဲ့ချစ်ခြင်းမေတ္တာတွေ ဖန်တီးပြုလုပ်ခဲ့တာပါ။

အဘွားဘိုဒန်က မုန့်ဖုတ်ရတာ ပင်ပန်းတယ်ဆိုပေမဲ့ မုန့်ဖုတ်နေရတာကို အရမ်းကြိုက်တယ်လို့ ရယ်မောရင်း ပြောပါတယ်။ တစ်ခါတလေ ခဏလောက် မုန့်ဖုတ်တာနားလိုက်ပေမဲ့ ပြီးရင် ပြန်ပြီးမုန့်ဖုတ်မိနေတယ်လို့ အဘွားဘိုဒန်က ဆိုပါတယ်။ သူက သူ့အဖေနဲ့ သူ့ဦးလေးဆီကနေ မုန့်ဖုတ်နည်းကို သင်ယူခဲ့တာပါ။ သူ ချစ်မြတ်နိုးတဲ့တစ်စုံတစ်ယောက်ကို စိတ်ထဲမှတ်ပြီး မုန့်ဖုတ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ ကတည်းကစပြီး အခုထိ သူ့ရဲ့အိမ်ရာမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် မုန့်ဖုတ်ကျွေးနေခဲ့တာပါ။ သူတို့တွေက သူ့ရဲ့ဒုတိယမိသားစုဖြစ်တယ်လို့ အဘွားဘိုဒန်က ဆိုပါတယ်။

သူ့ရဲ့အိမ်နီးနားချင်း အန်ဒက်ပ်ဖီကလည်း အဘွားဘိုဒန်ဟာ အိမ်ရာတစ်ခုလုံးက လူတွေကို စိတ်ဓာတ်မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။ “ကျွန်မ အရမ်းနေမကောင်းဖြစ်တဲ့အချိန် ကျွန်မဆီ မနက်စာနဲ့ အရာအားလုံး ယူလာပေးခဲ့တယ်”တဲ့။ သူ့ရဲ့မုန့်လုပ်နည်းတွေကို ချက်ပြုတ်နည်းစာအုပ်မှာ ဖော်ပြထားပါတယ်။

အဘွားဘိုဒန်က တစ်ပတ်ကို ၃-၄ ကြိမ်လောက် မုန့်ဖုတ်ပေးပါတယ်။ သူက ဒါကို ပြန်ရယူလိုခြင်းနဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။ “ကျွန်မ တကယ်ကောင်းချီးပေးပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ခွန်အားတွေပေးတဲ့အတွက် ဘုရားသခင်ကို နေ့တိုင်း ကျေးဇူးတင်ပါတယ်”လို့ အဘွားဘိုဒန်က ဆိုပါတယ်။

Ref: 94-year-old bakes weekly treats for fellow seniors: ‘Everything she makes is great’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top