ပထမဆုံး ကြင်ယာဖက်တွေ့တဲ့နေ့မှာ ဘေလ် တစ်ဝက်မျှမရှင်းတဲ့ ကောင်မလေးကို အမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်

28.9.23-yyl-6.jpg

ပထမဆုံး ကြင်ယာဖက် ဆုံတဲ့နေ့မှာ စားသောက်စရိတ် မျှရှင်းဖို့ ငြင်းဆန်ခဲ့တဲ့ မိန်းကလေးကို ရုရှားအမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ပထမဆုံး ဆုံတဲ့နေ့မှာ စားသောက်စရိတ်ကို အမျိုးသားဘက်ပဲ ရှင်းပေးသင့်တယ်လို့ အချို့က ဆိုကြသလို အချို့ကလည်း ကိုယ့်စားတာ ကိုယ်ရှင်း ပုံစံမျိုးပဲ ဖြစ်သင့်တယ်လို့ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိပေမဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်တာမျိုးတော့ မရှိခဲ့ပါဘူး။

မော်စကိုမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကြင်ယာဖက်နဲ့ တွေ့ခဲ့တာဖြစ်ပြီး ဘေလ် ရောက်မလာချိန်အထိ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ သူတို့ဝိုင်းဟာ ရူဘယ် ၁၆၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၅) ကျသင့်ပြီး အမျိုးသားက တစ်ဝက်စီ မျှရှင်းစေချင်ပေမဲ့ ကောင်မလေးက မျှရှင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ အစားအစာအများစုကို သူ မှာစားတာမဟုတ်လို့ သူ မရှင်းနိုင်ဘူးဆိုပြီး ထွက်သွားခဲ့တာပါ။

ဘေလ် ရှင်းခဲ့ရတာကို မကျေနပ်တဲ့ အမျိုးသားက ကော်ဖီဆိုင်ကအပြန် မော်စကိုမြို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ မသိရသေးပါဘူး။

Ref: Man Reports First Date to Police After She Refuses to Split the Bill

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top