မှန်ကန်သောနည်းလမ်းဖြင့်မျက်နှာသစ်ခြင်း

face-clean-up-625_625x362_61459322284.jpg

အသားအရေလေးတွေကသာ စကားပြောတတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တစ်နေ့တာဖြတ်သန်းနေရတာ လှုပ်ရှားနေရတာနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ တော်တော်လေး ညည်းညူပြောဆိုကြမယ်ထင်ပါတယ်။ ဒီလိုတွေ နေ့စဉ်သွားလာနေရလို့ ကိုယ့်ရဲ့မျက်နှာပြင်လေးကို ကောင်းမွန်စွာမျက်နှာသစ်ခြင်း မပြုလုပ်ပေးဘူးဆိုရင်တော့ မျက်နှာလေးဟာညိုမည်းခြင်းတွေ ဖြစ်ပေါ်လာမှာအမှန်ပါပဲ။

မျက်နှာသစ်ပေးမယ်ဆိုရင်လည်း မှန်ကန်ပြီးစနစ်ကျတဲ့နည်းလမ်းမဟုတ်ဘူးဆိုရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှု ရရှိစေမှာမဟုတ်ပါဘူး။ မှန်ကန်တဲ့ မျက်နှာသစ်ခြင်းနည်းလမ်းတွေကို သိထားသင့်တာကြောင့် ပြောပြပေးလိုက်ပါတယ်နော်။

  • အဆင့် ၁ – ပထမဆုံးအနေနဲ့ ရေနွေးနွေးရယ် milk ပါဝင်တဲ့ Cleanser လေးရယ်နဲ့ မျက်နှာလေးကိုဆေးကြောသန့်စင်ပြီးတော့ တဘက်သန့်သန့်နဲ့ ခြောက်အောင် သုတ်ပေးပါ။
  • အဆင့် ၂ – ပြီးရင် တိုနာလိမ်းပြီးခြောက်တဲ့အထိထားထားပါ။ တိုနာဟာအဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် အသုံးဝင်ပါတယ်။
  • အဆင့် ၃ – ဝက်ခြံပျောက်ဆေးလိုမျိုးကိုယ့်ရဲ့အသားအရေပြဿနာအတွက် ဆေးဝါးမျိုးကိုလိမ်းပါ။
  • အဆင့် ၄ – Eye Cream သို့မဟုတ် Serum လိမ်းပြီးခြောက်သည်အထိထားပါ။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ကော်လာဂျင်ကြောင့် အသားအရေပျက်ဆီးမှုကိုကာကွယ်ပေးမှာဖြစ်ပါတယ်။
  • အဆင့် ၅ – အသားအရေခြောက်သွေ့ခြင်းဟာအဆီတွေကိုပိုမိုထွက်စေတဲ့ အကြောင်းရင်းဖြစ်လို့ အဆင့် (၅) အနေနဲ့ moisturizer လိမ်းပေးပါ။
  • အဆင့် ၆ – အန္တရာယ်ဖြစ်စေတဲ့ UV rays ဒဏ်ကနေအသားအရေကိုကာကွယ်နိုင်ဖို့အတွက် အနည်းဆုံး SPF 30 ပါဝင်တဲ့ နေလောင်ခံခရင်မ် လိမ်းပေးပါ။
  • အဆင့် ၇ – makeup primer သို့မဟုတ် Foundation လေးလိမ်းပြီးတော့ ကိုယ်နှစ်သက်သလိုမိတ်ကပ်လိမ်းခြယ်နိုင်ပါပြီ။

ဒီနည်းလမ်းအဆင့်အတိုင်း လိုက်နာသွားမယ်ဆိုရင် သင့်အသားအရေလေးဟာ ပျက်ဆီးခြင်းကင်းဝေးလို့ စိုပြေလှပနေမှာပါ။ ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် အသားအရေတွေ ပျက်ဆီးသွားမှ ကုသခြင်းထက် မပျက်ဆီးသေးခင်ကတည်းက ဒီလိုလွယ်ကူတဲ့ အဆင့်လေးတွေနဲ့ ကာကွယ်သွားမယ်ဆိုရင် အချိန်ကုန် ငွေကုန်သက်သာပြီး ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ရရှိမှာပဲဖြစ်ပါတယ်။

HtetHtet Tin Zar (ရိုးရာလေး)

Ref : Health, Beauty : The Right Way To Wash Your Face In 7 Easy Steps

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top