၂ဝ၁၈ မှာ ဆိုးသင့်သည့် ဆံပင်အရောင် လေးများ

balayage-highlights-c.jpg

မိန်းကလေးများ နှစ်သက်စွဲလမ်းတဲ့ အရာတစ်ခုကို ပြောပါဆိုရင် အဲဒါဟာ ဆံနွယ်တွေပဲ ဖြစ်မှာပါ။ ကိုယ့်ရဲ့ ဆံပင်ပုံစံ အနေအထားတစ်ခုခု မှားယွင်းနေပြီဆိုရင် အဲဒီနေ့ဟာတစ်ခုခု အလွဲလွဲအချော်ချော် ဖြစ်တတ်တယ်လို့ ထင်မှတ်ကြပါတယ်။ သိပ်ပြီး အားထုတ်စရာမလိုဘဲ လှပတဲ့ ဆံပင်ပုံစံလေးတွေကို မိန်းကလေးက ပြင်ဆင်ချင်ကြပါတယ်။ ဒီလို လုပ်ဆောင်ဖို့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံသားအရောင်ကို ရွေးချယ်နိုင်မယ်ဆိုရင်တော့ ပိုမိုလွယ်ကူစေပါတယ်။

နှစ်သစ်ကူးလည်း နီးလာပြီ ဖြစ်တဲ့အတွက် ဆံပင်အရောင်လေး အသစ်ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် အသစ်ဆန်းထွင်ဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။ ဒီတော့ နောက်လာမယ့်နှစ်မှာ ပေါ်ပြူလာဖြစ်လာမယ့် ဆံပင်အရောင်လေးတွေကို ကြည့်လိုက်ကြရအောင်ပါ။

Balayage Highlights

ဒီ ဆံပင်အရောင်က မနှစ်ကအတိုင်းပဲ ဒီနှစ်မှာလည်း ခေတ်စားနိုင်မယ့် အရောင် ဖြစ်ပါတယ်။ ဆံပင်အရောင်ကို တစ်ရောင်တည်းဆိုးတဲ့ အချိန်ကာလတွေက ကုန်ခဲ့ပါပြီ။ အဲဒီအစား မတူညီတဲ့ အရောင်များနဲ့ ရောစပ်ခြင်းဟာ ပိုမို သဘာဝဆန်ပြီး ပိုမို လှပစေပါတယ်။ တကယ်လို့ သင်ဟာ အသားဖြူပြီး ဆံသား နက်မှောင်သူ ဖြစ်ရင်တော့ ဒီ အရောင်လေးက သင့်အတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

Pumpkin spice hair

Pumpkin spice hair

ဆံနွယ် အနီရောင်လေးများကတော့ ဘယ်တော့မှ ရိုးမသွားနိုင်မယ့် အမြဲတမ်း ပေါ်ပြူလာဖြစ်နေမယ့် အရောင်ပါပဲ။ လူအများစုက သဘာဝ ကြေးနီ ရောင်ဘက်သန်းတဲ့ အရောင်များကို အများစု အကြိုက်ဆုံး ဖြစ်ပြီး ဆိုးလာကြပါတယ်။ အနီဖျော့နဲ့ အနီရင့်တို့ပေါင်းစပ်ထားတဲ့ ဒီ ဆံပင်အရောင်လေးကို စမ်းအသုံးပြုကြည့်လိုက်ပါ။ ဒီ နီညိုရောင် ဆံပင်အရောင်လေးဟာ ဆွဲဆောင်မှု ဆံပင်အရောင်ဖြစ်လာနိုင်ပါတယ်။

Chestnut touches

Chestnut touches

သင့်မှာ နက်မှောင်တဲ့ ဆံသားအရောင်တွေ ရှိမယ်ဆိုရင် သင့်ရဲ့ ဆံသားအရောင်ကို ပိုမိုနက်ရှိုင်း တောက်ပအောင် ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်ပါလိမ့်မယ်။ သင့်ရဲ့ နက်မှောင်တဲ့ ဆံသားတွေကို အရောင် အရောအနှောတွေနဲ့ ပြောင်းလဲမယ်ဆိုရင် တော်တော်လေးတော့ ခက်ခဲနိုင်ပါတယ်။ အရမ်းလှပသွားခြင်း ဖြစ်နိုင်သလို အရမ်းဆိုးဆိုးဝါးဝါးလည်း ဖြစ်နိုင်ပါတယ်။ မူလ နဂို ဆံပင်အရောင်ထက် ခပ်ဖျော့ဖျော့လေးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် လှပတဲ့ ဆံပင်အရောင်ကို ရရှိနိုင်ပါတယ်။

Warm caramel highlights

Warm caramel highlights

ဒီ အရောင်လေးကတော့ အရမ်းလည်း စတိုင်ကျ၊ ပေါ်ပြူလာလည်း ဖြစ်ပြီး ခေတ်လည်းမီပါတယ်။ ဒါပေမဲ့လည်း ဒီ အရောင်လေးကို ဆံသားတစ်လျှောက်အားလုံး မဆိုးဘဲ ဆံဖျားအောက်ခြေပိုင်းမှာ ဆိုးမယ်ဆိုရင်လည်း ထူးခြားလှပစေပါတယ်။ ဒီလို ဆောင်းရာသီ အချိန်အခါမျိုးမှာ အသားအရေများဟာ ဖြူလွှလွှ ဖြစ်နေတတ်တာကြောင့် အရောင်ဖျော့ အရောင်များကို ရှောင်ရှားပြီး နက်မှောင်ပြီး အရောင်အားကောင်းတဲ့ အရောင်များကို ရွေးချယ်ပေးသင့်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top