ဂျကာတာမြို့က ဇွန်လကစပြီး ဈေးဝယ်စင်တာနဲ့ စူပါမားကတ်တွေမှာ ပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်သွားမယ်

yyl-015-7.jpg

အခုနှစ်ဇွန်လကစပြီး စတိုးဆိုင်တွေ၊ စူပါမားကတ်တွေနဲ့ ဈေးဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်သွားမယ်လို့ ဂျကာတာမြို့ရဲ့အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဂျကာတာဥပဒေဌာနရဲ့အကြီးအကဲ ယာယန် ယူဟာနာက “ဒီဇင်ဘာ ၃၁ရက်နေ့က စည်းမျဉ်းသတ်မှတ်ပြီးတဲ့နောက်မှာ တားမြစ်ပိတ်ပင်တာတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့က အချိန် (၆) လလောက်ယူရမှာပါ” လို့ ပြောပါတယ်။ ပိုလီအီသိုင်လင်၊ သာမိုပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေကို တစ်ခါသုံးပလတ်စတစ်အိတ်တွေဖြစ်ပါတယ်။

တစ်ခါသုံးပလတ်စတစ်အိတ်တွေအစား ပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေတဲ့အိတ်တွေကို အသုံးပြုသင့်တယ်လို့ စည်းမျဉ်းသတ်မှတ်ခဲ့ပါတယ်။ ပြန်လည်အသုံးပြုလို့ရတဲ့အိတ်တွေ၊ အဝတ်၊ စက္ကူ၊ သစ်ရွက်တွေနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဈေးဝယ်စင်တာတွေက တားမြစ်ချက်ကို မလိုက်နာတာတွေ့ရင် သတိပေးစာ၊ ဒဏ်ကြေးငွေ၊ စီးပွားရေးလုပ်ငန်း ရပ်ဆိုင်းတာတွေကဲ့သို့ အပြစ်ဒဏ်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့မြစ်တွေကနေ ထုတ်လွှတ်လိုက်တဲ့ အမှိုက်တွေက ကမ္ဘာတစ်ဝှမ်းက ပင်လယ်ရေညစ်ညမ်းမှုရဲ့ (၁၄) ရာခိုင်နှုန်းအတွက် အရင်းအမြစ်ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံပြီးရင် သမုဒ္ဒရာထဲ ပလတ်စတစ်အမှိုက်တွေစွန့်ပစ်တဲ့ ကမ္ဘာ့ထိပ်ဆုံးနိုင်ငံတွေထဲမှာ ဒုတိယနေရာမှာ ပါဝင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကမြစ်တွေကနေ သမုဒ္ဒရာထဲကို စီးဆင်းလာတဲ့ ပလတ်စတစ်အမှိုက်အများစုက ဆူမတြာကျွန်းနဲ့ ဂျာဗာကျွန်းတို့ကနေ ဖြစ်ပေါ်လာရတာဖြစ်နိုင်ပါတယ်။ နိုင်ငံအနှံ့အပြားမှာ လတ်စတစ်သုံးစွဲမှုကို လျော့ချဖို့ကြိုးစားရင်းနဲ့ ဂျာကာတာမြို့ရဲ့တစ်ခါသုံးပလတ်စတစ်သုံးစွဲမှုတားမြစ်တဲ့ကိစ္စမှာ အင်ဒိုနီးရှားနိုင်ငံက ဒေသတော်တော်များများလည်းပါဝင်မှာဖြစ်ပါတယ်။

Ref: Jakarta to ban single-use plastic bags in shopping centres & supermarkets in June 2020

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top