စိတ်ဖိစီးမှုနဲ့ အရေပြားပြဿနာတွေကြားက ဆက်နွယ်မှု

yyl-018-6.jpg

ယနေ့ခေတ်မှာဆိုရင် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ စိတ်ဖိစီးမှုဒဏ်ကို မလွဲမသွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါတွေအားလုံးက သင့်စိတ်ကဖြစ်လာရတာပါပဲ။ ဒါပေမဲ့ စိတ်ဖိစီးမှုဒဏ်က ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှုရှိတဲ့နေရာမှာ အရမ်းအားကြီးပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ မိသားစုကိစ္စနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုအသေးစားတွေကို ထိန်းချုပ်ဖို့ရာ လွယ်ကူနိုင်ပေမဲ့ စိတ်ဖိစီးမှုဒဏ်ဟာ နာတာရှည်ရောဂါလို စွဲမြဲလာတဲ့အခါမှာ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ ဇီဝဖြစ်စဉ်တွေနဲ့ ဟော်မုန်းတွေကို ထိခိုက်လာနိုင်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် အဝလွန်တာ၊ နှလုံးပြဿနာ၊ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ ပန်းနာရင်ကျပ်ရောဂါတွေလို ရောဂါတွေ ဖြစ်လာရပါတယ်။ ဒါပေမဲ့ လူတချို့ကသာ စိတ်ဖိစီးမှုနဲ့ အရေပြားပြဿာတွေကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိတယ်ဆိုတာ သတိပြုမိကြတာပါ။ သင့်အသားရေ ခဏခဏခြောက်သွေ့တယ်ဆိုရင် သင့်မျက်နှာမှာ အဖုအပိမ့်အနီစက်တွေ ထွက်လာရင် စိတ်ဖိစီးမှုက အဲဒါတွေရဲ့နောက်ကွယ်က အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

သင့်အသားရေနဲ့ စိတ်ဖိစီးမှုကြားက ဆက်နွယ်မှု

စိတ်ဖိစီးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာထိခိုက်စေတယ်ဆိုတာကို လူတိုင်းသိကြမှာပါ။ စိတ်ဖိစီးလာရင် အသားရေမှာ ဝက်ခြံတွေထွက်လာတာကိုလည်း သတိထားမိကြမယ်ထင်ပါတယ်။ စိတ်ဖိစီးမှုများလာရင် အဖြစ်များဆုံး အသားရေပြဿနာက ဝက်ခြံပေါက်တာ၊ အဖုအပိမ့်တွေထွက်လာတာပါပဲ။ အလုပ်အင်တာဗျူးသွားခါနီးဆိုရင် ဝက်ခြံတွေထွက်လာတတ်ပါတယ်။ ဒါကလည်း အလုပ်နဲ့ပတ်သက်ပြီး စိတ်ဖိစီးတဲ့ အတွက်ကြောင့်ဖြစ်ရတာပါ။

စိတ်ဖိစီးမှုနဲ့ အရေပြားပြဿနာတွေက တစ်ခုနဲ့တစ်ခု နည်းအမျိုးမျိုးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ လူတစ်ယောက်က စိတ်ဖိစီးဒဏ်ကို ခံစားရတဲ့အခါမှာ ခန္ဓာကိုယ်က အသားရေထိခိုက်လွယ်တာတွေ ဖြစ်စေတဲ့ အဒရီနယ်ဂလင်းနဲ့ free radical တွေ ထုတ်လွှင့်ပေးပါတယ်။ ဒီနည်းနဲ့ စိတ်ဖိစီးမှုက အသားရေပြဿနာကို ဖြစ်စေတယ်လို့ Columbia Asia Hospitalက ဒေါက်တာကူဆူမီက ကာနက်ခ်က ပြောပါတယ်။ ဒါတင်မကသေးပါဘူး။ သင်က အသားရေပြဿနာရှိတဲ့ သူဆိုရင် စိတ်ဖိစီးမှုက အနာကျက်တာကို နှောင့်နှေးစေသလို ပိုပြီးတောင်ဆိုးလာစေပါတယ်။ လက်သည်းနဲ့ဆံပင်တွေမှာလည်း မကောင်းတဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ အသားရေပြဿနာကို ဘယ်လိုဖယ်ရှားမလဲ

စိတ်ဖီစီးမှုဆိုတာ ရှောင်လွှဲလို့မရတဲ့အရာပါ။ စိတ်ဖိစီးမှုမဖြစ်အောင် ထိန်းချုပ်မှုတော့ လုပ်လို့ရပါတယ်။ စိတ်ဖိစီးမှုဖြစ်လာစေမဲ့ အခြေအနေတွေအားလုံးကို သင့်ကိုယ်တိုင် စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ခေါင်းအေးအေးထားပြီး ဖြေရှင်းလို့ရပါတယ်။ အသားရေမှာဖြစ်လာတဲ့ စိတ်ဖိစီးမှု လက္ခဏာရပ်တွေနဲ့ ပတ်သက်ပြီး လုပ်သင့်တဲ့ အရာတချို့ရှိပါတယ်။

– အလုပ်ဒဏ်ကြောင့် စိတ်ဖိစီးမှုဒဏ်ကြောင့် ပင်ပန်းနေရင်တောင် အသားရေကို ကောင်းကောင်းဂရုစိုက် ထိန်းသိမ်းပေးပါ။ အသားရေနဲ့ပတ်သက်ပြီး လျစ်လျူရှုတာက သင့်ကို ထိခိုက်စေနိုင်ပါတယ်။
– စိတ်ဖိစီးတာကို ထိန်းချုပ်မယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုက ယောဂကျင့်တာ၊ တရားထိုင်တာတွေပါပဲ။ စိတ်ဖိစီးမှုဒဏ်ကို ဖြေဖျက်ဖို့ရာ အချိန်ယူပြီး ခရီးထွက်ပေးပါ။
– အိပ်စက်ခြင်းကလည်း စိတ်ဖိစီးမှုဒဏ်ကို လျော့ချပေးမယ့်နည်းတစ်ခုပါပဲ။ အိပ်ရေဝဝအိပ်စက်တာက ကျန်းမာရေးအတွက်ရော စိတ်ဖိစီးမှုဒဏ်ကို ထိန်းချုပ်ပေးဖို့အတွက်ပါ အရေးကြီးပါတယ်။

Ref: The surprising link between stress and skin problems

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top