အရင်တုန်းကပုံတွေနဲ့ အခုပုံတွေကို နှိုင်းယှဉ် ကြည့်လိုက်တဲ့အခါ

yyl-9-9-002.jpg

ဓာတ်ပုံပညာကို တီထွင်ခဲ့တဲ့ Joseph Nicephore Niepce ကို ကျွန်တော်တို့တွေ ကျေးဇူးတင်ရမှာပါပဲ။ သူ့ကြောင့်ပဲ ကျွန်တော်တို့တွေက အရင်က အမှတ်တရတွေကို သိမ်းဆည်းထားနိုင်ပြီး ကျွန်တော်တို့ ကြည့်ချင်တဲ့အခါ၊ လိုအပ်တဲ့အခါမျိုးမှာ အလွယ်တကူ ပြန်ကြည့်လို့ရပါတယ်။ ဓာတ်ပုံပညာကို တီထွင်ခဲ့တာကြောင့် အရင်တုန်းကပုံတွေကို အမှတ်တရအနေနဲ့ ပြန်မြင်ခွင့်ရတာဖြစ်ပါတယ်။ အရင်တုန်းက ပုံနဲ့ အခုပုံတွေကို နှိုင်းယှဉ်ပြီးကြည့်တဲ့အခါမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို သိရှိရမှာပါ။ ရိုက်ထားတဲ့အချိန်တွေမှာ မတူတဲ့အတွက် ကျွန်တော်တို့တွေ၊ ကျွန်တော်တို့အနီးနားက အရာတွေက မယုံနိုင်လောက်အောင် ပြောင်းလဲမှုတွေရှိလားမရှိလား သေချာပေါက်မြင်တွေ့ရမှာဖြစ်ပါတယ်။ အရင်တုန်းကပုံတွေနဲ့ အခုခေတ်ပုံတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဘာလိုတွေပြောင်းလဲသွားမလဲဆိုတာ စာဖတ်ပရိသတ်တွေ ကြည့်ရှုလို့ရအောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။

နှစ် (၄၀) ကြာတဲ့အထိ မပြောင်းလဲတဲ့အချစ်

ငယ်ငယ်လေးကတည်းကနေ အရွယ်ရောက်တဲ့အချိန်ထိ ကိုယ်ပိုင်ဆံပင်ညှပ်ဆရာ

(၁.၅) လက်မရှိတဲ့ ခရုက တစ်နှစ်အကြာမှာ (၆) လက်မရှိတဲ့ခရုကြီးဖြစ်သွားပါတယ်

သူငယ်ချင်းတစ်စုရဲ့ အရင်ကပုံနဲ့ အခုပုံနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ

နှစ် (၃၀) တုန်းက ဘော့စတွန်မြို့နဲ့ အခု ဘော့စတွန်မြို့

တောင်ထိပ်ရောက်နေတဲ့ သားအဖနှစ်ဦးရဲ့ ၂၀၀၆ခုနှစ်က ပုံနဲ့ ၂၀၁၉ခုနှစ်က ပုံ

ဒီကြောင်လေးကို ရုပ်ဆိုးလို့ဆိုပြီး ဘယ်သူမှ မယူကြဘူး။ သူ့ကို အခုကြည့်လိုက်ပါဦး။ ဘယ်လောက်ချစ်ဖို့ကောင်းလဲ

၂၀၀၉ခုနှစ်က ကျောင်းကပွဲ နဲ့ ၂၀၁၉ခုနှစ်မှာ မင်္ဂလာပွဲ

လွန်ခဲ့တဲ့ နှစ် (၅၀) ကတည်းက ချက်ကစားလာခဲ့တဲ့ ဖရန်ကို ကိုလွန်ဘူ နဲ့ အာနိုး (ဖရန်ကို ကိုလန်ဘူက အခုနှစ် သြဂုတ်လ (၃၀) ရက်နေ့မှာ ကွယ်လန်သွားခဲ့ပါပြီ)

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top