အပတ်စဉ်ဗေဒင် ဟောစာတမ်းကဏ္ဍ (၇-၁၀-၂၀၁၈ မှ ၁၃-၁၀-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-2-October.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၇-၁၀-၂၀၁၈ မှ ၁၃-၁၀-၂၀၁၈) ရက်နေ့အထိ

ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေး လုပ်ငန်းများ အကျင်းအကျပ်ပြန်ဖြစ်မည်။ ပုံမှန်လုပ်ငန်းများ ထစ်နေတတ်သည်။ အတော်ကြိုးစားမှ အဆင်ပြေမည်။ ပြည်ပမှပစ္စည်းတင်သွင်းသူများကတော့ အခက်အခဲရှိနေဦးမည်။ စားသောက်ကုန်လုပ်ကိုင်သူများ ရောင်းအားကျဆင်းတက်တတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများအဆင်ပြေနေမည်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းနှင့်ဆိုင်သော ရောဂါရှင်များ အထူးသတိထားပါ။ အချစ်ရေးကတော့ ညံ့ပါသည်၊ မကြခဏ စာကားများ၇မည့်အချိန်ဖြစ်သည်။ အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်း ရန်မြင်ပါတယ်။ ပညာရေးသမားများ ကောင်းပါသည်။ စက်ပစ္စည်းသမားများလည်း အသင့်အတင့်ကောင်းပါသည်။ မိဘများ၏ ကျန်းမာရေးကို သတိပြုပါ။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၁။၆။၄ ယတြာ – နွမ်းပါးသူကို အဝတ်အထည်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အသင့်အတင့် အဆင်ပြေလာပြီး ကူညီမည့်သူများ ပေါ်ပေါက်လာမည်။ ဘဏ်ချေးငွေကိစ္စများ အဆင်ပြေမည်။ ငွေကြေးဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများလည်း အဆင်ပြေသွားမည်။ သံ၊သတ္တု လုပ်ငန်းများကတော့ သတိရှိရန်လိုပါသည်။ စားသောက်ကုန်လုပ်ငန်းအကျိုးပေးသည်။ ပြည်ပမှတင်သွင်းသောပစ္စည်းရောင်းဝယ်သူများ ဆက်လက်သတိထားရမည့် အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါခံစားနေရသူများ သတိထားကုသရလိမ့်မည်။ ယဉ်မတော်တဆ ထိခိုက်ခြင်း ဖြစ်တတ်သည်။ အချစ်ရေးအနေတွင် မိမိထက်ပိုချစ်တတ်သောချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ အထက်လူကြီးနှင့် သင့်အောင်နေပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ ၄။ ယတြာ– နွမ်းပါးသူကို ထမင်းကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းအနည်းငယ် ပြန်တက်လာတတ်သည်။ ရေလုပ်ငန်းသမားများ ကံကောင်းသောအချိန်ဖြစ်သည်။ အနုပညာနှင့်ဆက်သောလုပ်ငန်းများ ကံကောင်းလာမည်။ ကား၊စက်ပစ္စည်းလုပ်ငန်းများ ညံ့ပါသည်။ ယခု အချိန်တွင် မိမိလုပ်ငန်းအတွက် ရှယ်ယာများ ခေါ်ရမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ခါးနာခြင်းသတိထားပါ။ အထူးသဖြင့် ယခုအပတ်အတွင်း အမြင့်မှပစ္စည်းပြုကျပြီး ခေါင်းတွင် ထိခိုက်မိတတ်သည် သတိထားရလိမ့်မည်။ အချစ်ရေးတွင် အဖြေရသော်လည်း လက်ထပ်ရန် ခက်လိမ့်မည်။ အိမ်ထောင်ရေးသမားများ အဆင်ပြေပါသည်။ ပညာရေးသမားများ စာပိုကျက်ရမည်။ ဝန်ထမ်းများ သတိပြုရန်မှာ မိမိလုပ်သော အလုပ်ခန်းတွင် သူခိုးဝင်တတ်သည်။

အကျိုးပေးဂဏန်း – ၉ ၊ ၃ ၊ ၄။ ယတြာ – အဖွားအိုတစ်ယောက်ကို ဆေးလှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးမှာ ညံ့နေလိမ့်မည်။ အထူးသဖြင့် ရှေ့နေလုပ်ငန်း၊ အဆိုတော်စသည့် နုတ်ဖြင့်လုပ်ရသော လုပ်ငန်းလုပ်သူများ အနည်းငယ် ညံ့သည်။ ဆောက်လုပ်ရေးလုပ်သူများအလွန်စိတ်ညစ်ရတတ်သည်၊ ကျန်းမာရေးအနေဖြင့် ဆီချိုရောဂါရှိသူများ နှင့် သွေးတိုးသမားများ အထူးသတိထားရမည်။ အချစ်ရေးတွင် အတုအရောင်အချစ်နှင့် တွေ့တတ်သည်။ အိမ်ထောင်သည်များလည်း ခရီးသွားရတတ်သည်၊ခွဲနေရတတ်သည် အထူးသတိပြုသင့်သည်။ပညာရေးတွင် ကံကောင်းပါလိမ့်မည်။ မြေ၊ ယာ စသည့်စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေးကောင်းနေမည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ စီးပွားရေးတွင် ငွေကြေးကစားသောသူများ ကံကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက လူကြီးနှင့် တည့်အောင်နေပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၅။ ယတြာ – အရိပ်ရသစ်ပင်စိုက်ပျိုးပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေး အခြေအနေမှ ယခင်ကထက်ပြန်ကောင်းလာမည်။ အစုအစပ်လုပ်ငန်းများ ကောင်းလာမည်။ ငွေကြေးလုပ်ငန်းများမှ ငွေပြန်မရဖြစ်တတ်သည်။ ကျန်းမာရေးအနေနှင့်ကတော့ အဆိပ်မိတတ်သည်။ အသည်းရောဂါသည်များ သတိထားကုသပါ။ အချစ်ရေးနှင့်ပတ်သက်ပြီး လက်ထပ်ရန်ရက်ရွေးဖြစ်မည်။ အိမ်ထောင်သည်များ ကံကောင်းပါသည်။ ပညာရေးလိုက်နေပါက ရာထူးစာမေးပွဲ အောင်မည်။ ကားဝယ်ရောင်းလုပ်သူများ အထူးသတိထားပါ၊ စာရွက်စာတမ်းကို အကြောင်းပြုပြီး တရားရုံးတော်သို့ ရောက်ရတတ်သည်။ အိမ်ခြံမြေလုပ်ငန်းများကောင်းသည်။ ဝန်ထမ်းများ အထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၁ ၊ ၆။ ယတြာ – တတ်နိုင်သလောက် စတုဒီသာ ကြွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေး ကံကောင်းနေမည်။ လောင်စာဆီနှင့် ကုန်သွယ်ရေးလုပ်ငန်းလုပ်သူများ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ ကျောက်မျက်ရတနာလုပ်သူများကတော့ အားနည်းနေမည်သာဖြစ်သည်။ကျန်းမာရေးအနေနှင့် အရိုးရောဂါရှိသူများ ဆေးမှန်ရန်လိုအပ်သည်။ အချစ်ရေးသမားများ ကံကောင်းလာသော်လည်း ချစ်သူနှင့် တနယ်စီဝေနေတတ်သည်။ အိမ်ထောင်ရေးသမားများ သံသာယနှင့် ပြသနာတက်နေမည်။ ပညာရေးသမားများ မပျင်းပါနှင့်။ ဝန်ထမ်းများ ကံကောင်းပါသည်၊ ဝန်ထမ်းများ မိမိလုပ်ကိုင်ရသော အလုပ်နေရာတွင် အရေးကြီးစာရွက်စာတမ်း ပျောက်ဆုံးတတ်သည်။ ထိုကိစ္စကြောင့် အပြစ်ပေးခံရခြင်း၊ စစ်ဆေးခံရခြင်းဖြစ်တတ်သည်။ အထူးသတိထားပါ။

အကျိုးပေးဂဏန်း – ၆ ၊ ၁ ၊ ၇။ ယတြာ – အသက်ကြီး အဘိုးအိုတစ်ဦးကို စားသောက်ဖွယ်ရာများ ပေးလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ဆောက်လုပ်ရေး၊ ဆေးဆိုင်၊ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူများ အထူးသတိထားပါ။ ကျန်းမာရေးအနေဖြင့် မတော်တဆ ထိခိုက်ခြင်းဖြစ်တတ်သည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများ ငွေကြေးကိစ္စ၊ဘဏ်ကိစ္စရပ်များမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် ချစ်သော်လည်း ဝေးနေရတတ်သည်။ စေ့စပ်ကြောင်းလမ်းရာတွင် အထူးသတိထား ပြောဆိုရမည့်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကို အခြေခံသော အိမ်တွင်းရေးကိစ္စများ ဆက်ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ ကားဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ စာအထူးကြိုးစားပါ။ ဝန်ထမ်းများ ကံကောင်းပြီး အထက်လူကြီး၏ မစခြင်း ခံရမည်။

အကျိုးပေးဂဏန်း – ၇ ၊ ၀ ၊၁။ ယတြာ – တရားတော်များပါသည့် CD ခွေများအား နီးစပ်သူများကို ပေးလှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top