ကင်ဝူဘင်းရဲ့ ကင်ဆာရောဂါ၊ ပထမအဆင့် ဆေးကုသမှုပြီးစီး

kim-woo-bin.jpg

ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်းဟာ ကင်ဆာရောဂါဝေဒနာ ခံစားနေရတာပါ။ လက်ရှိအချိန်မှာတော့ ကင်ဝူဘင်း အနေနဲ့ ကင်ဆာရောဂါအတွက် ပထမအဆင့် ဆေးကုသမှုကို ခံယူပြီးပြီလို့ သူ့ရဲ့ အေဂျင်စီ ဖြစ်တဲ့ Sidus HQ က သတင်း ထုတ်ပြန်လိုက်ပါတယ်။

သူဟာ ကင်ဆာရောဂါဖြစ်နေတာကို မေလ က စတင် သိရှိခဲ့တာပါ။ ကင်ဝူဘင်းရဲ့ ကင်ဆာရောဂါက အလွန် အဖြစ်နည်းတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်တယ်လို့သိရပါတယ်။ ပါးစပ်ရဲ့ အထက်၊ ဦးခေါင်းနဲ့ လည်ချောင်းမှာ ဖြစ်ပွားတဲ့ ကင်ဆာဖြစ်တယ်လို့ ဆိုပါတယ်။ “ဝူဘင်းရဲ့ ကျန်းမာရေးက ကောင်းမွန်နေပါတယ်။ သူ့ရဲ့ ပထမအဆင့် ဆေးကုသမှု ရလဒ်ကိုတော့ ဩဂုတ်လလယ်မှာ သိရမှာပါ။ ဒုတိယအကြိမ် ပြုလုပ်မယ့် ဆေးကုသမှုအကြောင်း ကိုလည်း ဆက်လက် ထုတ်ပြန် ကြေညာသွားမှာပါ” လို့ သူ့ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောပြထားပါတယ်။

ဆေးဘက်ဆိုင်ရာ နည်းပညာတွေက အရမ်းကို တိုးတက်လာတဲ့ အတွက် အခု ကုသမှုမှာ ကင်ဝူဘင်းဟာ ဆံပင်ကျွတ်တာနဲ့  အခြားသော ခန္ဓာကိုယ် အပြောင်းအလဲတွေ သိပ်ပြီး မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် အပြောင်းအလဲ တစ်ခု ကတော့ ကင်ဝူဘင်း အနေနဲ့ ကိုယ်အလေးချိန် ၂၂ပေါင်ခန့် ကျသွားပြီး သူ့ရဲ့ ကိုယ်အလေးချိန်မှာ အခုလက်ရှိမှာ ၁၃၂ ပေါင်ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ မိဘနဲ့ ညီမလေးတို့က သူ့ကို အချိန်ပြည့်နီးပါး စောင့်ရှောက်ပေးလျက်ရှိပြီး သူရဲ့ ချစ်သူဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ရှင်မင်းအာ ကလည်း အမြဲ အနားမှာ ရှိနေပေးနေတာပါ။

Ref: Dramafever: Kim Woo Bin completes first round of chemotherapy

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply